ကယားပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၅ ရက်အထိ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာ၌ မူလတန်းလွန် အလက (ခွဲ) ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ နှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်း ပါဝင်ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။
သစ္စာကွန်ရက်တိုင်းရင်းသားဒေသများ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေးကွန်ရက်မှ အဆိုပါ ပန်ပက်ကျေးရွာသို့ သွားရောက်၍ ကယန်းတိုင်းရင်းသားလူမျိုးများ စာပေ လူမှုဘဝ တိုးတက်မြှင့်တင်ရေးအတွက် ကယန်းတိုင်းရင်း သားနယ်မြေဒေသတွင် "ကယန်းသစ္စာ" အမည်ဖြင့် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အနေဖြင့် ပန်ပက်ကျေးရွာရှိ ကျေးရွာသူကျေးရွာသား ကယန်းတိုင်းရင်းသားများအား စုစည်း၍ သစ္စာကွန်ရက် တည်ထောင်သူ မမေချိုလွင် (ဒလ) က စာကြည့်တိုက် အသိပညာပေး ဟောပြောရှင်းလင်းခြင်း၊ စုပေါင်းစာဖတ် ဝိုင်းအစီအစဉ်များ၊ စာပေစကားဝိုင်းအစီအစဉ်များ၊ စာကြည့်တိုက်ကော်မတီဖွဲ့စည်းခြင်းများအား သစ္စာကွန်ရက် တိုင်းရင်းသားဒေသများ၊ စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုးရေး ကွန်ရက်ကို တည်ထောင်သူ မမေချိုလွင် (ဒလ) ကပင် ဦးဆောင်ပြုလုပ်ပေးခဲ့သည်။
မမေချိုလွင်က စာကြည့်တိုက်အတွက် စာအုပ်စာတမ်း နှင့်စာအုပ်စင်၊ ပရိဘောဂပစ္စည်းများ စုစုပေါင်း တန်ဖိုး ငွေကျပ် ၁၀ သိန်းကို ကယန်းသစ္စာ စာကြည့်တိုက်ဖွင့်လှစ် ရေးအတွက် ဒေသခံများအား မတည်လှူဒါန်းပေးခဲ့ သည်။ ပန်ပက်ကျေးရွာရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသားကျောင်းသူများကိုလည်း အားဖြည့်အာဟာရ ကျွေးမွေးလှူဒါန်း၍ ကယန်းသစ္စာ စာကြည့်တိုက်ကော်မတီ ကို ဒေသခံ ၂၁ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။
စာကြည့်တိုက်ရေရှည်တိုးတက်ရေးအတွက် သစ္စာကွန် ရက်မှ သုံးလတစ်ကြိမ် စာအုပ်စာတမ်းနှင့် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်သည်။
စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံ များဖြင့် ဖွဲ့စည်းပေးခဲ့သော စာကြည့်တိုက်ကော်မတီကလည်း ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကတိ ပြုကြသည်မှာ ပီတိပွားဖွယ်ရာပင်ဖြစ်ပေသည်။ အဆိုပါ ကယန်းသစ္စာ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် သစ္စာကွန်ရက်မှ လွန်ခဲ့သော ၂၀၁၅-၂၀၁၆ ကပင်ကျေးရွာ သူကျေးရွာသားများအား စာကြည့်တိုက် အသိပညာပေး ရှင်းလင်းခြင်းများကို ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှသာ စာကြည့်တိုက်ကို အောင်မြင် စွာစည်းရုံးဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါ၏။
စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကယန်းတိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှု၊ လူမှုဘဝများ တိုးတက်မြင့်မားလာစေရန်၊ ကယန်းတိုင်းရင်း သား နယ်မြေဒေသဖွံ့ဖြိုးလာစေရန်၊ ကယန်းကျေးလက်နေ ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများ ငယ်စဉ် ကလေးဘဝ မူလတန်းကျောင်းမှသည် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အထိ စာဖတ်ခြင်းအလေ့အကျင့်၊ အလေ့အထများ ပြုစုပျိုးထောင်မွေးမြူပေးရန်နှင့် ကယန်း တိုင်းရင်းသားကလေးငယ်များ အသိဉာဏ်ပညာ ဗဟုသုတ များ ပြည့်စုံလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ် ကြောင်း မမေချိုလွင် (ဒလ) က ပြောဆိုသည်။
စာကြည့်တိုက်တာဝန်ခံ (စာကြည့်တိုက်မှူး) အနေဖြင့် ပန်ပက်ကျေးရွာမှ ကယန်းတိုင်းရင်းသားလူမျိုး ဒေသခံ ကျောင်းဆရာဖြစ်သူ ဦးလာဂလောက်က တာဝန်ယူပြီး စာကြည့်တိုက်တည်ထောင်လှူဒါန်းပေးသူမှာ သစ္စာကွန်ရက် တည်ထောင်သူ မမေချိုလွင် (ဒလ) ဖြစ်ပေသည်။
အဆိုပါ စာကြည့်တိုက်အား ပန်ပက်ကျေးရွာ ဒီးမော့ ဆိုမြို့ ကယားပြည်နယ် လွိုင်ကော်-တောင်ငူ ကားလမ်း မကြီးဘေးရှိ စာကြည့်တိုက်တာဝန်ခံ ဦးလာဂလောက်၏ နေအိမ်တွင် ဖွင့်လှစ်ထားရှိပါသည်။ ကယန်းတိုင်းရင်း သားနယ်မြေဒေသနှင့် လူမှုဘဝများ ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ကယန်းသစ္စာ စာကြည့်တိုက် တိုးတက်ရေး အတွက်လည်းကောင်း မည်သူမဆို စာပေချစ်သူများ၊ စေတနာရှင်များအနေဖြင့် စာအုပ်စာတမ်းဖြစ်စေ၊ ပရိဘောဂ ပစ္စည်းဖြစ်စေ ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်းလိုသူများသည် ဖုန်း- ဝ၉- ၉၅၂၂၇၇၉၇၇ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။ ယခုဖွင့်လှစ်သော ကယန်းသစ္စာ စာကြည့်တိုက်သည် ကယန်းကျေးရွာ ပန်ပက်ကျေးရွာတွင် ပထမဦးဆုံး ဖွင့် လှစ်သော ဒေသစာကြည့်တိုက်၊ ပြည်သူ့စာကြည့်တိုက် ဖြစ်ပါသည်။ မမေချိုလွင် (ဒလ) သည် တိုင်းရင်းသားလူမျိုး များ နေထိုင်ရာဒေသ၌ အသိÓဏ်ပညာ၊ ဗဟုသုတများ ပြည့်စုံလာစေရေးအတွက် စာကြည့်တိုက်များ ဖြစ်ပေါ်လာ စေရေးကို အစဉ်တစိုက် ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှ ကြိုးပမ်း အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း စာရေး သူအား ပြောဆိုခဲ့သည်။
တိုင်းရင်းသားဒေသ ဝေးလံသောအရပ်တွင် စာပေ ချစ်သူ၊ စာပေမြတ်နိုးသူ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေလူမှုဘဝ မြှင့်တင်ရေးအတွက် ကယန်းတိုင်းရင်းသားလူမျိုးများရှိသည့်ဒေသတွင် သစ္စာ ကွန်ရက်စာကြည့်တိုက် တည်ထောင်ပေးခဲ့သူ မမေချိုလွင် (ဒလ)၏ မေတ္တာ၊ စေတနာကြောင့် ပန်ပက်ကျေးရွာဒေသခံ များ စာပေလူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာတော့မည်မှာ မလွဲ ဧကန်ဖြစ်ပါကြောင်း။



















