ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် ရိုးရာလက်ဝှေ့အောင်လံလုပွဲ သုံးရက်ကြာကျင်းပမည်

ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲအထိမ်းအမှတ် ရိုးရာလက်ဝှေ့အောင်လံလုပွဲ သုံးရက်ကြာကျင်းပမည်

(၂၃၂၁) နှစ်မြောက် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ် ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ ပွဲများကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ဘုရားကုန်းတော်ခြေရင်း ကြာကန်ဓမ္မာရုံ အနီး၌ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲနှင့်ပတ် သက်သည့် စာနယ်ဇင်းအသိပေးပွဲကို ဖေဖော် ဝါရီ ၁၁ ရက် ညနေ ၄ နာရီက သာကေတ ရှုခင်းသာလမ်းမကြီးရှိ UPTOWN HOTEL ၌ ကျင်းပခဲ့သည်။

ရှင်းလင်းပြောဆို

အခမ်းအနားသို ့မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦသိန်းအောင်နှင့် အလုပ်အမှု ဆောင်များ၊ မြန်မာ့ရိုးရာလက်ဝှေ ့အစည်းအရုံး ဥက္ကဋ္ဌ ဦးဝါဆိုဝင်းမြင့်၊ ကျိုက်ခေါက်စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ ရိုးရာ လက်ဝှေ့အစည်းအရုံး အတွင်းရေးမှူး ဦးတင် ထွဋ်ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် လင်္ကာဒီပ အောင်လံအလှူရှင်နှင့် ရိုးရာလက်ဝှေ့အစည်း အရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင် ကျော်ထွန်းက ကျပ်ခုနစ်သိန်းတန် အောင်လံပွဲ အတွက် တာဝန်ယူလှူဒါန်းရခြင်းနှင့် ပတ်သက် ၍လည်းကောင်း၊ ရိုးရာလက်ဝှေ့အစည်းအရုံး တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်မောင်က လက်ဝှေ့တွဲဆိုင်းများနှင့် ပတ်သက်၍လည်း ကောင်း ရှင်းလင်းပြောဆိုခဲ့သည်။

လင်္ကာဒီပအောင်လံ

ရိုးရာလက်ဝှေ့ပွဲစတင်ကျင်းပမည့် ဖေဖော် ဝါရီ ၁၇ ရက် ညနေ ၆ နာရီခွဲတွင် မျိုးဆက် သစ်ဝါသနာရှင်အဆင့်ပွဲများ၊ ကျပ် ခုနစ်သိန်း တန် လင်္ကာဒီပအောင်လံနှင့် ကျပ် ၁၀ သိန်း တန် ကျိုက်ခေါက်ပွဲတော် အောင်လံဆီမီးဖိုင် နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် မျိုးဆက်သစ် သုံးချီလေးချီ အထူးကြားပွဲများ၊ လင်္ကာဒီပ အောင်လံဗိုလ်လုပွဲအပြင် အောက် ချင်းလေးနှင့် ခေါင်ဝမ် (ထိုင်း) တို့၏ ငါးချီ စိန်ခေါ်ပွဲလည်း ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးနေ့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက် (တပို့တွဲလပြည့်) ညနေ ၆ နာရီတွင် မျိုးဆက်သစ် သုံးချီ၊ လေးချီ အထူးပွဲများနှင့် ကျပ် ၁၀ သိန်းတန် ကျိုက်ခေါက်ပွဲတော် အောင်လံဗိုလ်လုပွဲအပြင် ရဲသွေးအောင်နှင့် ဆူးမိုက်၊ သပြေညို နှင့် ဝပ်ချ်နာ (ထိုင်း) တို့၏ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မကျေပွဲ

သပြေညိုနှင့် ဝပ်ချ်နာတို့သည် လွန်ခဲ့သည့် ခြောက်နှစ်ကျော်က တွေ့ဆုံခဲ့ဖူးပြီး သပြေညိုက အလဲထိုးအနိုင်ရခဲ့သည့်အတွက် ဝပ်ချ်နာ၏ မကျေပွဲဟု ဆိုရမည်ဖြစ်သည်။ ဝပ်ချ်နာသည် ဖေဖော်ဝါရီ ၇ ရက်က ထိုင်းနိုင်ငံ၌ကျင်းပ သော မက်စ်မွေထိုင်း ၆၆ ကီလိုတန်း ချန်ပီယံ ခါးပတ်ကို ပူပူနွေးနွေးရရှိထားသူဖြစ်သည်။ သပြေညိုသည် ပြီးခဲ့သည့်နှစ် ကျိုက်ခေါက်ပွဲ အဓိကစိန်ခေါ်ပွဲတွင် ပြိုင်ဘက်ထိုင်းလက်ဝှေ့ သမား စုန်ခါလစ်ကို ဒုတိယအချီ၌ အလဲထိုး အနိုင်ယူခဲ့သူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး