လွှတ်တော်ကိုယ်စားလှယ်များ၏ ဖိအားပေးမှုကြောင့် တာဝန်မှရပ်စဲခံရသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး သတင်းစာရှင်းလင်း

လွှတ်တော်ကိုယ်စားလှယ်များ၏ ဖိအားပေးမှုကြောင့် တာဝန်မှရပ်စဲခံရသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး သတင်းစာရှင်းလင်း

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် တာဝန်မှရပ်စဲခံရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှစ်ဦးသည် ရပ်ကွက် (သို့) ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့်အညီ တာဝန်မှရပ်စဲခံရခြင်းမဟုတ်ဘဲလွှတ်တော်ကိုယ်စားလှယ်များ၏ ဖိအားပေး မှုကြောင့် တာဝန်မှ ရပ်စဲခံရသည်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ဝေါ မြို့ရှိ Winner စားသောက်ဆိုင်တွင် ဖေဖော် ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခန့်ကပြုလုပ်ခဲ့ ကြောင်း သိရသည်။

"ကျွန်မတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတာ ဝန်ကို ဥပဒေမဲ့တာဝန်မှ ရပ်ဆိုင်းခြင်းခံခဲ့ရပါ တယ်။ ကျွန်မတို့မှာ အပြစ်ရှိ၊ မရှိကို စုံစမ်း စစ်ဆေးရေးခုံရုံး အရင်လုပ်သင့်ပါတယ်။ ဘာ တစ်ခုမှ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းမရှိဘဲ လုပ်ဆောင်တာဟာ ကျွန်မတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တွေဟာ နေရာတကာမှာ ဝင်ရောက်စွက်ဖက် မှုတွေရှိနေပါတယ်။ အင်န်အယ်လ်ဒီပါတီဝင် စကားပဲနားထောင်တယ်။ တစ်ဖက်သတ်ဆုံး ဖြတ်ချက်အပေါ် မကျေနပ်ပါဘူး။ ရပ်/ကျေး ဥပဒေမှာက အဂတိ၊ ငွေရေးကြေးရေး၊ တည်ဆဲ ဥပဒေကျူးလွန်မှသာ ရပ်ဆိုင်းရမယ်လို့ ဖော်ပြ ထားပေမယ့် အခုကိစ္စမှာ သူတို့သဘောနဲ့ဖယ် ရှားတဲ့အတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို လွှတ်တော်ကိုယ်စားလှယ်သဘောကျမှလား၊ ပြည်သူတွေသဘောကျမှလားဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်"ဟု ရပ်ဆိုင်းခံရ သည့် ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာ အုပ်ချုပ် ရေးမှူးဟောင်း ဒေါ်သိန်းသိန်းနွယ်က ပြော ဆိုသည်။

ဖိအားပေး

တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက် နှင့် တာဝန်မှရပ်စဲခံရသော ရှမ်းကိုင်းကျေးရွာ နှင့် ကပင်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးနှစ်ဦး သည် ၂၀၁၆ ခုနှစ် ရပ်ကွက် (သို့) ကျေးရွာ အုပ်ချုပ်ရေးဥပဒေ တတိယအကြိမ်ပြင်ဆင် သည့် ဥပဒေအခန်း(၈) အပိုဒ်(၁၅)အရ စုံစမ်းစစ်ဆေးပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် တာဝန်မှရပ်စဲခြင်း ဖော်ပြ ထားသော်လည်း တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ် များက ဖိအားပေးခဲ့သည်ဟု သတင်းစာရှင်း လင်းပွဲမှ သိရသည်။

မူဝါဒအရ

"ရပ်ဆိုင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနှစ်ဦးက သမ္မတအထိတိုင်ကြားခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်အားလုံး ခေါ်ယူစစ်ဆေးခံ ရပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စား လှယ်တွေဟာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီ ရင်ရေးမဏ္ဍိုင်တို့ကို ထိန်းကျောင်းပေးရတာ ပဲရှိပါတယ်။ ဝင်ရောက်စွက်ဖက်တာ မဟုတ် ပါဘူး။ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရပ်ဆိုင်းခံ ရတဲ့နှစ်ဦးဟာ တိုင်းဒေသကြီးအစိုးရက သူ့ရဲ့ မူဝါဒအရ ညွှန်ကြားချက်ကြောင့်ဖြစ်ရတာ ပါ"ဟု ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောဆိုသည်။

တာဝန်မှရပ်စဲခဲ့

အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသည့်ကျေး ရွာအုပ်ချုပ်ရေးမှူးနှစ်ဦးတွင် ကပင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးညွန့်ဝင်းမှာ ကျေးရွာသားများမှ တိုင်ကြားခံရပြီး ရှမ်းကိုင်းကျေးရွာအုပ်ချုပ် ရေးမှူး ဒေါ်သိန်းသိန်းနွယ်မှာ ရွာသားတစ်ဦး၏ တိုင်ကြားမှုအပေါ် နောင်တွင် ယဉ်ကျေးစွာ ဆက်ဆံရန် သတိပေးဆုံးမမှတ်တမ်း လက် မှတ်ရေးထိုးထားရသော်လည်း တိုင်းဒေသကြီး အစိုးရကလွှတ်တော်ကိုယ်စားလှယ်နှင့် ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်း၊ လွှတ်တော်ကိုယ်စား လှယ်များအား မဟုတ်မမှန်တိုင်ကြားခြင်း၊ ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပူးပေါင်း ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် တာဝန်မှ ရပ်စဲခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး