ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့်တပ်ဖွဲ့အား အေအေနှင့် အေအာရ်အက်စ်အေ ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ရဲအရာရှိတစ်ဦး ကျဆုံးခဲ့ရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ နယ်ခြားစောင့်တပ်ဖွဲ့အား အေအေနှင့် အေအာရ်အက်စ်အေ ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ ရဲအရာရှိတစ်ဦး ကျဆုံးခဲ့ရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (ARSA) တို့ပူးပေါင်းပြီး နယ်ခြားစောင့်တပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့မှုကြောင့် ရဲအရာရှိတစ်ဦးကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

မောင်တောမြို့နယ်နယ်မြေ(၁)ဗန္ဓုလ-ခ မောင်းဆိပ်-–ကြိမ်ချောင်းသွားကားလမ်း ကာ လာဒေးဗတ်ကျေးရွာအနီး ရဲဘောက်ချချောင်း တံတားထိပ် ခန့်မှန်းမြေပုံညွှန်း ဒီယူ- ၂၆၀၅၉၈ တွင် အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်စိတ် တစ်စိတ်သည်နယ်မြေလမ်းကြောင်း လုံခြုံရေး ကင်းပုန်းဝပ်နေစဉ် အေအေနှင့် အေအာရ်အက်စ်အေ ပူးပေါင်းအင်အား ၃၀ ခန့်က ကားလမ်း၏ အနောက်ဘက်မှ အရှေ့ ဘက်သို့ ဖြတ်သန်းလာခြင်းဖြစ်ကြောင်း၊ ထို နောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အပြန်အ လှန်ပစ်ခတ်တိုက်ခိုက်၍နံနက် ၄ နာရီတွင် တပ်မတော်စစ်ကြောင်းမှ စစ်ကူရောက်ရှိပြီး ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၄ နာရီခွဲခန့်တွင် အေအေနှင့် အေအာရ်အက်စ်အေပူးပေါင်း အဖွဲ့သည် အနောက်ဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးကျဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

လိုက်လံရှင်းလင်း

အေအေနှင့် အေအာရ်အက်စ်အေအဖွဲ့မှ ကျန်ရစ်ခဲ့သည့် သွေးစွန်းနေသော ပြောက်ကျား ဝတ်စကုတ် တစ်ထည်၊ M-22 ကျည်အိမ် သုံးခု၊ ခဲယမ်းမျိုးစုံ ၂၉ တောင့်၊ လက်လုပ် လက်ပစ်ဗုံး နှစ်လုံး၊ စကားပြောစက် တစ်လုံး၊ ရီမုခလုတ်တစ်ခု၊ ဝိုင်ယာကြိုး တစ်ခွေနှင့် အာရ်ဗီဘာသာဖြင့် ပုံနှိပ်ထားသည့်စာအုပ် တစ်အုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ ကြောင်း၊ ယခုအခါ ထိုအဖွဲ့ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်း လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း အေအေ နှင့် အေအာရ်အက်စ်အေတို့သည် မေယုတောင် တန်းဖြင့် နယ်မြေပိုင်းခြားသတ်မှတ်ကာ ပြီးခဲ့ သည့် ဇန်နဝါရီလကတည်းက ပူးပေါင်းလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း အစိုးရက ထုတ်ပြန် ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး