တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်း ဖြစ်သူ H.E. Mr. Yohei SASAKAWA တို့ ဖေဖော်ဝါရီ ၁၅ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံ ကာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ စစ်ဘေးရှောင် များနေရပ်ပြန်ရေးကိစ္စများ ဆွေးနွေးခဲ့ကြ သည်။
အကူအညီပေးရေး
နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဂျပန် နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ ကချင်ပြည်နယ်အတွင်း IDP Camp များရှိ စစ်ဘေးရှောင်ပြည်သူများ နေရပ်သို့ ပြန်နိုင်ရေးအတွက် တပ်မတော်မှ ကချင်ပြည်နယ်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်းဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင် ရွက်ပေးမည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာများ အကူ အညီပေးရေးအတွက် ဂျပန်နိုင်ငံမှ ဆောင်ရွက် နေမှုအခြေအနေများ ဆွေးနွေးခဲ့သည်။
သတင်းထုတ်ပြန်
ထို့အပြင် ရခိုင်ပြည်နယ်(မြောက်ပိုင်း)ဘူးသီးတောင်၊ မောင်တောဒေသတွင် ဖြစ်ပွား ခဲ့သည့် ဘင်္ဂါလီအရေးကိစ္စများကို အစိုးရနှင့် တပ်မတော်မှဖြေရှင်းဆောင်ရွက်နေမှု အခြေ အနေများနှင့် နိုင်ငံတကာမှ အမှန်အတိုင်းသိရှိ နိုင်ရေး ဂျပန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေ သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် နိုင်ငံ ရေးအရ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး အရ တည်ငြိမ်အေးချမ်းရေးတို့အတွက် တပ်မ တော်မှ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်အတွက် ဂျပန်နိုင်ငံမှစက်ရုံ၊ အလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန်လိုအပ် မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။
တက်ရောက်ကြ
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ တက်ရောက်ခဲ့ကြပြီး ဂျပန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် ကြီး H.E. Mr. Ichiro Maruyama နှင့်တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

















