ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အောင်မြင်မည်ဟု တရုတ်အစိုးရ ယုံကြည်

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အောင်မြင်မည်ဟု တရုတ်အစိုးရ ယုံကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုဖြင့် မြန်မာ-–တရုတ် စီးပွားရေးစင်္ကြံအောင်မြင်မည်ဟု တရုတ်အစိုးရကယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန့်လျန်ကပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ ဒုတိယအကြိမ်အစည်းအဝေးနှင့် ဒုတိယအကြိမ်မြောက် တရုတ်–မြန်မာ စီးပွားရေးစင်္ကြံဖိုရမ်သို့တက်ရောက်မည့် မြန်မာနိုင်ငံအစိုးရကိုယ်စားလှယ်အဖွဲ့အတွက် နှုတ်ဆက်ပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကောင်းမွန်သည့်အောင်မြင်မှုများ

တရုတ်–မြန်မာနှစ်နိုင်ငံ 'Belt and Road'နှင့် တရုတ်–မြန်မာစီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်နေမှုအပေါ် မြန်မာနိုင်ငံအစိုးရ၏အလေးထားမှုကို တရုတ်နိုင်ငံ သည် ချီးကျူးကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ကိုယ်တိုင်ဆောင်ရွက်နေကြောင်း၊ ဒေါ်အောင်ဆန်းစု ကြည်၏ အားကောင်းသည့်ဦးဆောင်မှုနှင့် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ အားပေး ထောက်ခံမှုကြောင့် တရုတ်–မြန်မာ 'Belt and Road' နှင့် တရုတ်–မြန်မာစီးပွားရေး စင်္ကြံကို အတူတကွတည်ဆောက်ခြင်းသည် ကောင်းမွန်သည့်အောင်မြင်မှုများ အဆက် မပြတ် ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

ပူးတွဲလုပ်ငန်းအဖွဲ့

၂၀၁၈ခုနှစ် စက်တင်ဘာလတွင် တရုတ်–မြန်မာနှစ်နိုင်ငံသည် တရုတ်–မြန်မာစီးပွား ရေးစင်္ကြံ အတူတကွတည်ဆောက်သည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီး တရုတ်–မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေးနှင့် ပထမအကြိမ် မြောက် တရုတ်–မြန်မာစီးပွားရေးစင်္ကြံဖိုရမ်ကိုကျင်းပခဲ့သည်။ တရုတ်–မြန်မာစီးပွားရေး စင်္ကြံပူးတွဲကော်မတီ၏မူဘောင်အောက်တွင် နှစ်ဦးနှစ်ဖက်သည် ပူးတွဲလုပ်ငန်းအဖွဲ့ ၁၂ ဖွဲ့ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။

ကြိုတင်ပြင်ဆင်

လာမည့်ဧပြီလတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဒုတိယအကြိမ်မြောက် 'Belt and Road' နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကိုကျင်းပမည်ဖြစ်သည်။ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် မြန်မာကိုယ်စား လှယ်အဖွဲ့ကိုဦးဆောင်၍ တရုတ်နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကာ မြန်မာအစိုးရခေါင်းဆောင် ထိပ်သီးဖိုရမ်သို့တက်ရောက်ရေးအတွက် ကြိုတင်ပြင်ဆင်မည် ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး