နိုင်ငံတကာက ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှုကိစ္စများကိုသာ အမြင်ကျဉ်းစွာအာရုံစိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတကာက ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှုကိစ္စများကိုသာ အမြင်ကျဉ်းစွာအာရုံစိုက်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်းရှိနေသည့် အလားအလာကောင်းများထက် ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာအာရုံစိုက်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၂ ရက်တွင် သံတွဲမြို့ ငပလီကမ်းခြေ၌ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ(၂၀၁၉) ဖွင့်ပွဲ အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

ကာလရှည်ကြ

"နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံ စိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ရခိုင်ပြည်နယ်အတွင်း များပြားစွာတည်ရှိနေတဲ့ အလားအလာကောင်း တွေထက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွား တဲ့တင်းမာမှုတွေကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီဖြစ် ပါတယ်။ ဒီကြီးလေးတဲ့စိန်ခေါ်မှုတွေရှိနေတာ ကိုလက်ခံပြီး ရင်ဆိုင်ကျော်လွှားသွားဖို့ လိုအပ် ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

ကိုဖီအာနန်အကြံပြုချက်

မြန်မာနိုင်ငံသည် ပိုမိုပွင့်လင်းလာသည့် စီးပွားရေးအခွင့်အလမ်းများကို ခံစားလာရသော အချိန်တွင် ရခိုင်ပြည်နယ်၏ စီးပွားရေးအလား အလာများကို ပြည့်ပြည့်ဝ၀ ထုတ်ဖော်အသုံး မချနိုင်သေးကြောင်း၊ အင်န်အယ်လ်ဒီအစိုးရ တာဝန်ယူစဉ်ကစတင်ပြီး တရားဥပဒေစိုးမိုးရေး နှင့် အဓိကကျသည့်လိုအပ်ချက်များကို အမျိုး သားအဆင့် ဦးစားပေးလုပ်ငန်းများအဖြစ် ချမှတ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေ ထိုင်သူများအားလုံး ရေရှည်ငြိမ်းချမ်းရေးနှင့် သဟဇာတရှိစေရေးဆိုသည့် ရည်မှန်းချက်ဖြင့် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ပြည့်မီစေရန်ကွယ်လွန် သွားပြီဖြစ်သော ဒေါက်တာ ကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

သွားရောက်လေ့လာ

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉)ကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာကျင်းပလျက်ရှိပြီး ပြပွဲသို့တက် ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများသည် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများပြု လုပ်ရန် အလားအလာကောင်းများရှိနေသည့် နေရာများကို သွားရောက်လေ့လာမည်ဖြစ် ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး