ဟွာဝေး (Huawei ) ကို ၁၉၈၇ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တရုတ် နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ဖုန်းခလုတ်ရောင်းတဲ့ အသေးစားလုပ်ငန်း မှစတင်ကာ ယခုအခါ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးကိရိယာ ပစ္စည်း ထုတ်လုပ်ရောင်းချသူဖြစ်တဲ့အထိ တိုးတက်ကြီးမားလာတဲ့အပြင် ဒုတိယ အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။
၁၉၈၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၅၀ဝ နဲ့ စတင်ခဲ့တဲ့ ဟွာဝေးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၅ ဘီလီယံအထိ ဝင်ငွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၇၀ မှာ ဝန်ထမ်းပေါင်း ၁၈၀ဝ၀ဝ ကျော် ခန့်ထားနိုင်ခဲ့ပါပြီ။
ဒီနေ့အခါမှာ ဟွာဝေးကို တိုက်ခိုက်နေကြတာကို တွေ့မြင်ကြရမှာပါ။ ကုမ္ပဏီဟာ လုံခြုံရေးခြိမ်းခြောက်မှုရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ တခြားကုမ္ပဏီတွေလိုပဲ Huawei လည်း အမှားမကင်းဘဲ အမှားလုပ်ခဲ့ ဖူးပြီး အဲဒီအမှားတွေကနေ လေ့လာသင်ယူခဲ့ပါတယ်။ ပြောင်းလဲဖို့လိုအပ် လာပြီဆိုရင် ပြောင်းလဲနိုင်အောင် ကြိုးစားကြပါတယ်။ မပြောင်းလဲတဲ့ တစ်ခု တည်းသောအရာက ဟွာဝေးရဲ့ ဖောက်သည်တွေ၊ သုံးစွဲသူတွေအပေါ်ကို ထားတဲ့ စေတနာ၊ အချိန်နဲ့စွမ်းအားတွေ ပေးဆပ်နေမှုပါ။ သေးငယ်တဲ့ ကုမ္ပဏီအသေးလေးအနေနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေက လွှမ်းမိုးထားတဲ့ ဈေးကွက်ထဲမှာ ငွေကြေးမရှိ၊ နည်းပညာဆိုင်ရာ အသိပညာမရှိဘဲနဲ့ ပြိုင်ဆိုင် နေတဲ့ အဓိကအားသာချက်ဟာ ပစ္စည်းသုံးစွဲသူတွေကို စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းအပြင် တခြားဘာမှမရှိပါဘူး။
ကုမ္ပဏီရဲ့ အစောပိုင်းနေ့ရက်တွေမှာတုန်းက လူတစ်ဦးဖုန်းပြောနေ စဉ်မှာ ြွကက်ဟာ တယ်လီဖုန်းရဲ့ ဝိုင်ယာကြိုးကို ကိုက်ဖြတ်လိုက်တာမျိုး တရုတ်ပြည်မှာ ကြုံနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးအတွက် အဲဒီအချိန်တုန်းက တယ်လီ ဖုန်းဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေက ဒါဟာ သုံးစွဲသူက သက်သက် ပြဿနာရှာတာလို့ယူဆပြီး မည်သည့်ဖြေရှင်းခြင်း ကိုမှ လုပ်ပေးမှာမဟုတ်ပါဘူး။ Huawei ကတော့ တစ်ဆင့်ချင်းအဖြေရှာ ပေးပြီး ြွကက်ကိုက်ဖြတ်ထားတာကို သက်သေအဖြစ် ပြပေးခဲ့ပြီး သုံးစွဲသူ သတိပြုမိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။
နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ဟွာဝေးဟာ ဥရောပကို ဝင်ရောက် ခဲ့ပါတယ်။ အဲဒီ ဥရောပဈေးကွက်မှာရှိတဲ့ သုံးစွဲသူတွေဟာ ဖုန်းခေါ်ဆိုမှု အချက်ပြခြင်းကို ပို့နိုင်လက်ခံနိုင်တဲ့ ပိုမိုကျစ်လျစ်သိပ်သည်းလွယ်ကူတဲ့ Installation လုပ်နိုင်တဲ့ Base station တွေကို အလိုရှိကြပါတယ်။ သူတို့ရဲ့ အင်အားတွေ အများကြီး စိုက်ထုတ်ရတာကိုလည်း မလိုချင်ကြပါ ဘူး။ နောက်ပြီးတော့ ပိုမိုကျယ်ပြောတဲ့ ဆဲလ်ဖုန်းကွန်ရက်ကိုလည်း လိုချင်ကြ ပါတယ်။ ဒါကြောင့် ဟွာဝေးဟာ Base station ပုံစံအသစ်တစ်ခုကို တီထွင်ခဲ့ပြီး ဥရောပကုမ္ပဏီတွေအကြားမှာ အောင်မြင်လာခဲ့ပါတယ်။ အချိန်တွေကုန်လာတာနဲ့အမျှ ကုမ္ပဏီဟာ သုံးစွဲသူလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးတယ်ဆိုတဲ့ သတင်းကောင်းတွေ မွှေးပျံ့လာခဲ့ပါတယ်။
တချို့က မေးကောင်းမေးနိုင်ပါလိမ့်မယ်။ အဲဒီလိုသုံးစွဲသူအတွက် ဟွာဝေး (Huawei) က ကိုယ်ကျိုးမဖက်ဘဲ လုပ်ပေးခြင်းအတွက် ချီးမြှင့်မြှောက်စားခံရမယ်ဆိုရင် သူ့ဝန်ထမ်းကို အန္တရာယ်တောထဲ ရောက်စေခြင်း ကြောင့် အဝေဖန်မခံသင့်ဘူးလားလို့ စောဒကတက်နိုင်ပါတယ်။ ဒါပေမဲ့ ဟွာဝေးဝန်ထမ်းတွေဟာလည်း ထူးခြားပါတယ်။ သူတို့ဟာ မိုင်ပေါင်းများ စွာကို ကျော်လွန်ပြီး ခရီးပေါက်ချင်ကြပါတယ်။ အကြောင်းပြချက်တစ်ခုက သူတို့ဟာလည်း ကုမ္ပဏီကိုပိုင်ကြလို့ပါ။ ဟွာဝေးနဲ့ တရုတ်အစိုးရကြားမှာ ရင်းနှီးတဲ့ နှောင်ကြိုးရှိတယ်လို့ သင်ဖတ်ကောင်းဖတ်ထားဖူးပေမယ့် ကုမ္ပဏီကို ၁၀ဝ ရာခိုင်နှုန်း တကယ်ပိုင်တာက ဒီကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတဲ့ လူတွေပဲဖြစ်ပါတယ်။ ဟွာဝေးဟာ အလွန်စိတ်အားထက်သန်တဲ့ လုပ်သား အင်အားကို Employee Stock Ownership Program နဲ့ ဖွဲ့စည်း ထားတာဖြစ်ပြီး အဲဒီပရိုဂရမ်ဟာ ဟွာဝေးက ြွကယ်ဝချမ်းသာလာရင် ဟွာဝေး ရဲ့လူတွေလည်း သာယာဝပြောလာစေပါတယ်။
ပုဂ္ဂလိက ပိုင်ဆိုင်ခြင်းက ဟွာဝေးကို ရေရှည်အတွက် တွေးဆကြံဆစေ ပါတယ်။ အခြားအများပိုင်ကုမ္ပဏီတွေလိုမျိုး လေးလစာ ကိန်းဂဏန်းတွေ အပေါ်မှာချည်း အာရုံစိုက်နေရတာထက် ဟွာဝေးဟာ လာမယ့်ဆယ်စုနှစ်မှာ ဘာလုပ်နိုင်ရမယ်ဆိုတဲ့ အစီအစဉ်တွေကို ပြုလုပ်ကြပါတယ်။ အဲဒီလိုလုပ်ခြင်းက ကုမ္ပဏီကြီးထွားတိုးတက်လာဖို့ တွန်းအားပေးတဲ့ စွမ်းအားပဲဖြစ်ပါတယ်။
တီထွင်ဆန်းသစ်ခြင်းဆိုတာဘာလဲ။
ဟွာဝေးရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ Hardware နဲ့ Software ပိုင်းတွေတင်မကဘဲ စီမံအုပ်ချုပ်ရေးမှာပါ ဆန်းသစ်ပါတယ်။ ဥပမာအားဖြင့် အလှည့်ကျဥက္ကဋ္ဌစနစ်ဖြစ်ခြင်း၊ အမှုဆောင်သုံးဦးဟာ ဥက္ကဋ္ဌရာထူးကို ခြောက်လတစ်ခါ အလှည့်ကျတာဝန်ယူပါတယ်။ ကုမ္ပဏီမှာ ခေါင်းဆောင် တစ်ယောက် အမြဲရှိနေပေမယ့် ဆုံးဖြတ်ချက်တွေကိုချတဲ့အခါမှာတော့ အမှုဆောင်သုံးဦးရဲ့ အတွေ့အကြုံတွေနဲ့ မတူညီတဲ့အမြင်တွေ စုပေါင်းပြီး ချမှတ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်းက တာဝန်ယူထားခြင်းမျိုးကို ရှောင်ရှားနိုင်ပါတယ်။ ဟွာဝေးအဆိုအရ တီထွင်ဆန်းသစ်ခြင်းဆိုတာ သုံးစွဲသူတွေရဲ့ ယုံကြည် မှုမရှိရင် ဘာအဓိပ္ပာယ်မှမရှိပါ။ မီဒီယာတွေမှာ ဘယ်လိုပဲ ဖော်ပြသည်ဖြစ်စေ အခုချိန်အထိ ဟွာဝေးပါဝင်ပတ်သက်နေတဲ့ ဆိုက်ဘာလုံခြုံရေးချိုး ဖောက်မှု မရှိသေးဘဲ ဟွာဝေးရဲ့ပစ္စည်းတွေကနေ လုံခြုံရေးပြဿနာရှိနေတယ်ဆိုတဲ့ သက်သေမျိုးကိုလည်း အခုချိန်အထိ မည်သူတစ်ဦး တစ်ယောက်ကမှ ထုတ်မပြ နိုင်သေးပါဘူး။ နည်းပညာနယ်ပယ်ထဲမှာ ဟွာဝေးက အစစ်ဆေးအခံရဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဟွာဝေးဟာ လုံခြုံရေးစင်တာတစ်ခု တည်ထောင်ခဲ့ပြီး ဆိုက်ဘာ အန္တရာယ်ကို ရှာဖွေရန်နဲ့ လျော့ပါးစေရန် လုပ်ဆောင်လျက်ရှိပြီး လွတ်လပ်တဲ့ တတိယအဖွဲ့အစည်းကနေ အသိအမှတ်ပြုထားတဲ့ Hardware, Software နဲ့ Solutions ရရှိခြင်း၊ စည်းမျဉ်းဥပဒေချမှတ်သူတွေ၊ သုံးစွဲသူတွေနဲ့ ကျွမ်း ကျင်ပညာရှင်တွေရဲ့ တင်းကျပ်တဲ့ စစ်ဆေးကြည့်ရှုခြင်းတွေကို ခွင့်ပြုခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။ လုံခြုံရေးကို အဓိကထားအလေးထားတဲ့ အလျောက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ကျော်ကို နောက်ထပ်ငါးနှစ် အတွက် ထပ်မံရင်းနှီးမြှုပ်နှံပြီး ပိုမိုလုံခြုံစိတ်ချရဖို့အတွက် Software Engineering လုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်မှာ ဖြစ်တယ်လို့လည်း ဟွာဝေး က ပြောထားပါတယ်။
ဒါဆိုရင် ဟွာဝေး (Huawei) ဆိုတာ ဘယ်သူလဲ။ အတိုဆုံးပြောရရင် တော့ ဟွာဝေးဆိုတာ တီထွင်ဆန်းသစ်မှုတွေနဲ့အတူ ယုံကြည်စိတ်ချရတဲ့ ထုတ်ကုန်တွေကို ပေးစွမ်းနိုင်ပြီး အတော်ဆုံးဝန်ထမ်းတွေနဲ့ သုံးစွဲသူကို ကတိတည်တဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ကြောင်းပါ။

















