ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ဂျပန်-အာဆီယံ ယူ-၁၉အမျိုး သမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မတ် ၅ရက် နံနက်၈နာရီခွဲက ထိုင်းယူ-၁၉အသင်းနှင် ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိသရေကျခဲ့သည်။
မြန်မာအသင်းသည် အုပ်စုတွင်းပွဲစဉ်လေးပွဲကစားခဲ့ပြီးရာတွင် တစ်ပွဲနိုင်၊ သုံးပွဲသရေရလဒ်ရရှိထားပြီး ထိုင်းအသင်းမှာ ပွဲစဉ်သုံးပွဲကစားခဲ့ပြီးရာ၌ တစ်ပွဲနိုင်၊တစ်ပွဲသရေ၊တစ်ပွဲရှုံး ရလဒ်ရရှိထားသည်။ ထိုင်းအသင်းမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် မတ် ၆ရက်တွင် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂျပန်အသင်းမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဂျပန်အသင်းမှာ ပွဲစဉ်သုံးပွဲကစားပြီးရာတွင် နှစ်ပွဲနိုင်၊တစ်ပွဲသရေဖြင့် အုပ်စုထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိပြီး နောက်ဆုံးပွဲစဉ်ကို သရေကစားရုံဖြင့် အုပ်စုထိပ်ဆုံးနေရာအား ရရှိမည်ဖြစ်သည်။ ဂျပန်-အာဆီယံဖိတ်ခေါ်ပြိုင်ပွဲကို မတ် ၂ရက်မှ ၆ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များသာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။















