ဝမ်းချန်ပီယံရှစ်မှ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပမည့် Reign of Valor ပွဲနှင့်ပတ်သက်သည့် ပွဲကြိုသတင်းစာရှင်းလင်း ပွဲကို မတ် ၅ ရက် မွန်းလွဲ ၂ နာရီက ဂျန်းရှင်းမော်တင်၌ ကျင်းပခဲ့သည်။
တွဲဆိုင်း ၁၄ ဆိုင်း
အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၁၄ ဆိုင်းယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ဖယ်သာဝိတ်တန်းတွင် ဖိုးသော်နှင့် အင်ဒိုနီးရှားမှ လီဂိုဝူတို့ ထိုးသတ် မည်ဖြစ်သည်။ ထို့အပြင် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား တီရယ်လ် ထန်နှင့် ကယားပြည်နယ်သူ အန်တိုနီယာတို့၏ တွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။ ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် ဖိုးသော်က"လာမယ့်ပွဲမှာ အနိုင်ရမယ်ဆိုရင် ဖယ်သာဝိတ်တန်းရဲ့ထိပ်တန်း ကစားသမားတွေထဲက တစ်ယောက်ဖြစ် မှာပါ။ လီဂိုဝူကို နှစ်ချီအတွင်း အနိုင်ရအောင် ထိုးဖို့ ပြင်ဆင်ထားပါတယ်"ဟု ဖိုးသော်က ပြောဆိုခဲ့ သည်။
ယုံကြည်ထား
ထို့အပြင် တီရယ်လ်ထန်ကလည်း "အမိမြေမှာ ထိုးခွင့်ရဖို့အိပ်မက် တွေ အမှန်တကယ် ဖြစ်လာပါပြီ။ ကျွန်တော်မစောင့်နိုင်တော့ပါဘူး။ ပြိုင်ဘက်က ကစားသမားကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ချီအတွင်း အလဲထိုးနိုင်မယ်လို့ ယုံကြည်ထားပါတယ်"ဟု ၎င်းက ကြုံးဝါးခဲ့သည်။ ကယားပြည်နယ်၌ ကြီးပြင်းခဲ့သည့် အန်တိုနီယာကလည်း နောက်ဆုံး ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ယခုတစ် ကြိမ်၌ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူမည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။
ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ် ဝယ်သာ ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာဒီစတန်နှင့် စိန်ခေါ်သူ ဂျော်ဂျီတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟဲဗီးဝိတ် တန်းတွင် အောင်လအန်ဆန်ကို အရှုံးပေးခဲ့ရသည့် အလိန်ဂါလာနီနှင့် မာရူယိုတို့၏ တွဲဆိုင်းလည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို မတ် ၈ ရက် ညနေ ၆ နာရီ၌ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။















