လေ့ကျင့်ရေးကွင်း၌ရခဲ့သည့် ဘယ်ဒူးဒဏ်ရာသက်သာ၍ တိုက်စစ်မှူးကျော်ကိုကို အသင်းနှင့်ပြန်လည်လေ့ကျင့်

လေ့ကျင့်ရေးကွင်း၌ရခဲ့သည့် ဘယ်ဒူးဒဏ်ရာသက်သာ၍ တိုက်စစ်မှူးကျော်ကိုကို အသင်းနှင့်ပြန်လည်လေ့ကျင့်

ထိုင်းပရီးမီးယားလိဂ်ကလပ် ဆာမက် ပရာခန်အသင်းတွင် အငှားသွားရောက်ကစား လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးကျော်ကိုကိုသည် လေ့ကျင့်ရေး ကွင်းတွင် ရရှိခဲ့သည့် ဘယ်ဘက်ဒူးဒဏ်ရာ ကြောင့် အနားယူနေရာမှ ပြန်လည်သက်သာ လာ၍ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ကြောင်း သိရသည်။

ထပ်မံရရှိ

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို သည် ပြီးခဲ့သည့်ရာသီ ထိုင်းကလပ် ချင်းရွိုင် ယူနိုက်တက်တွင် အငှားသွားရောက်ခဲ့စဉ်က ညာဘက်ဒူး၌ ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်အထိ အနားယူခဲ့ရသည်။ ထို့နောက် ဒဏ်ရာမှ သက်သာပျောက်ကင်းခဲ့ပြီး ဆာမက်ပရာခန် အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်း ရွှေ့ခဲ့ကာ လေ့ကျင့်မှုများ ပြုလုပ်နေစဉ်အတွင်း ဘယ်ဘက်ဒူး၌ ဒဏ်ရာထပ်မံရရှိခဲ့ခြင်းဖြစ် သည်။

သီးသန့်လေ့ကျင့်

"အသင်းနဲ့ လေ့ကျင့်ခန်းဆင်းတာ နှစ်ပတ် လောက်ပဲရှိသေးတယ်။ ဘယ်ဘက်ဒူးက နာလာတယ်။ အဲဒါကို ထပ်လေ့ကျင့်ရင်းနဲ့ ဒူးအရမ်းနာလာတော့ အသင်းနဲ့လေ့ကျင့်မှုကို ခဏနားပြီး သီးသန့်လေ့ကျင့်ခဲ့ပါတယ်။ အခု ပြန်ပြီး သက်သာလာလို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းတာ တစ်ပတ်ပဲကြာပါ သေးတယ်။ ဒါပေမဲ့ ဘယ်ဘက်ဒူးက လုံးဝ ပျောက်သေးတာမဟုတ်တော့ နာကျင်တာတွေ တော့ ရှိပါသေးတယ်" ဟု ကျော်ကိုကိုက ပြောဆိုခဲ့သည်။

ကျေးဇူးတင်

ဆက်လက်ပြီး ၎င်းက ပွဲထွက်ခွင့်ရရန် အတွက် အချိန်ယူရဦးမည်ဖြစ်ပြီး အသင်း ပိုင်ရှင်နှင့် နည်းပြအဖွဲ့ဝင်များက မိမိအား ဂရုတစိုက်ကုသပေးသည့်အတွက် ကျေးဇူးတင် ရှိကြောင်း တစ်ဆက်တည်း ပြောဆိုခဲ့သည်။ ထိုင်းပရီးမီးယားလိဂ်ပွဲစဉ်များကို ဖေဖော်ဝါရီ နောက်ဆုံးအပတ်က စတင်ခဲ့ပြီး ဆာမက် ပရာခန်အသင်းသည် နှစ်ပွဲကစား နှစ်ပွဲနိုင်ဖြင့် အမှတ်ပေးဇယားအား ဦးဆောင်လျက်ရှိနေ သည်။



ဖတ်ရှုမှုအများဆုံး