ငြိမ်းချမ်းရေးကော်မရှင်နှင့် ကေအင်န်ယူ ချင်းမိုင်၌တွေ့ဆုံ

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကေအင်န်ယူ ချင်းမိုင်၌တွေ့ဆုံ

အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ် ၈ ရက် ညနေပိုင်းကတွေ့ဆုံဆွေး နွေးခဲ့ကြသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးခင် ဇော်ဦး၊ အဖွဲ့ဝင်ဦးအောင်စိုး၊ အကြံပေး အဖွဲ့ဝင်ဦးလှမောင်ရွှေ၊ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးတို့ပါဝင်ပြီး ကေအင်န်ယူ(KNU) ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဦးဆောင်ခဲ့ကြောင်း သိရသည်။ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ဆွေးနွေးမှု ယာယီရပ်ဆိုင်းထားသော ကေအင်န်ယူအား ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး အစိုးရအနေဖြင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြစ်သည်။

အင်န်စီအေလက်မှတ်ရေးထိုရေး

ထို့ပြင် အင်န်စီအေလက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်  ၁၀  ဖွဲ့နှင့် မတ်  ၉  ရက်(ယနေ့)၌ ဆက်လက်တွေ့ဆုံမည်ဖြစ်ပြီး အင်န်စီအေစာချုပ်လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အင်န်စီအေစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးလာရေး မတ် ၁၀ ရက်တွင် တွေ့ဆုံညှိနှိုင်းမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး