မြောက်ကိုရီးယား၌ လွှတ်တော်ရွေးကောက်ပွဲကျင်းပ

မြောက်ကိုရီးယား၌ လွှတ်တော်ရွေးကောက်ပွဲကျင်းပ

မြောက်ကိုရီယားနိုင်ငံ၌ မတ် ၁၀ ရက်တွင် အမတ် ၇၀ဝ ကိုရွေးချယ်မည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအွန်အပါအဝင် မဲဆန္ဒရှင် သန်းပေါင်းများစွာ မပျက်မကွက်မဲပေးခဲ့ကြသည်။

မြောက်ကိုရီးယားပုံစံအတိုင်းပင် မဲဆန္ဒရှင်များသည် အမတ်နေရာတစ်နေရာစီအတွက် နိုင်ငံတော်က သတ်မှတ်ထားသည့် အမတ်တစ်ဦးကိုသာ မဲပေးကြရသည်။

မဟာပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ်ကျင်းပခဲ့သည်။

လွှတ်တော်သည် စက္ကူပေါ်တွင် ဖော်ပြထားမှုများအရ မြောက်ကိုရီးယားတွင် သြဇာအကြီးဆုံးဖြစ်သည်။

ကိုယ်စားလှယ်များသည် နိုင်ငံတစ်ဝန်းနှင့် လူတန်းစားမျိုးစုံမှဖြစ်သည်။

ကိ်ုယ်စားလှယ်လောင်းများကို အာဏာရ အလုပ်သမားပါတီနှင့် လွှတ်တော်တွင်း အမတ်နေရာအနည်းငယ်ရရှိထားသည့် မဟာမိတ်ပါတီငယ်တချို့မှ ရွေးချယ်လေ့ရှိသည်။

ကင်သည် အထင်ရှားဆုံး ကိုယ်စားလှယ်လောင်းဖြစ်သည်။ ကင်မ်သည် အာဏာရပါတီ၊ အစိုးရနှင့် စစ်တပ်တို့ကို ထိန်းချုပ်ထားသော်လည်း ပြုံယမ်းခရိုင်ကိ်ုယ်စားလှယ်အဖြစ် ပြန်လည်ရွေးကောက်ခံရရေးအတွက် ရွေးကောက်ပွဲဝင်ခဲ့သည်။

မဲပေးသူ ၉၉ ရာခိ်ုင်နှုန်းနှင့် အထက်ရှိခဲ့ကြောင်း နိ်ုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတွင် မဲပေးမှုကဲ့သို့ ကိစ္စရပ်များသည် မဲပေးခွင့်ရှိသူများ မလုပ်မနေရလုပ်ရသည့် တာဝန်ဝတ္တရားဖြစ်ပြီး နေအိမ်တွင်သာနေခဲ့ပါက ဥပဒေအရ အရေးယူမခံရလျှင်တောင် လူမှုရေးအရ ရှောင်ကြည်ခြင်းကိုခံရလေ့ရှိသည်။

မြောက်ကိုရီးယား၌ အသက် ၁၇ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိသည်။

မဲပေးမှုသည် နံနက် ၁၀ နာရီတွင် စတင်ခဲ့သည်။ မဲဆန္ဒရှင်များသည် ရွေးကောက်ပွဲအရာရှိများထံတွင် မှတ်ပုံတင်ကတ်ပြပြီး မဲပြားများရယူရကာ ယင်းနောက် မဲပုံးများထဲသို့ လျှို့ဝှက်စွာမဲထည့်ခွင့်ရသည်။
မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းကို ထောက်ခံပါက မဲပုံးထဲသို့ မဲပြားကိုထည့်ရမည်ဖြစ်ပြီး မထောက်ခံပါက ကိုယ်စားလှယ်လောင်း၏အမည်ကို ကြက်ခြေခတ်ကာ မဲပုံးထဲသို့ ထည့်ရသည်။

ကင်သည် အာဏာရရှိခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ်တွင် ကင်သည် လွှတ်တော်သို့ ကန့်ကွက်မဲမရှိဘဲ ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း မြောက်ကိုရီးယားမီဒီယာက ယင်းအချိန်က ဖော်ပြခဲ့သည်။