ဂိမ်းဆိုင်ပိုင်ရှင်က ၁၄ နှစ်အရွယ်ဝန်ထမ်းမိန်းကလေးကို သားမယားပြုကျင့်

ဂိမ်းဆိုင်ပိုင်ရှင်က ၁၄ နှစ်အရွယ်ဝန်ထမ်းမိန်းကလေးကို သားမယားပြုကျင့်

ဂိမ်းဆိုင်မန်နေဂျာနှင့်ပူးပေါင်းကြံစည်၍ ဂိမ်းဆိုင်ပိုင်ရှင်က ၁၄ နှစ်အရွယ်ဝန်ထမ်းမိန်းကလေးကို သားမယားပြုကျင့်မှုအား မြဝတီမြို့တွင် မတ်လ ၉ ရက်နေ့က အရေးယူခဲ့ရသည်။

အမှတ် ၅ ရပ်ကွက်ရှိဂိမ်းရုံတွင်အလုပ်လုပ်ကိုင်နေသည့် အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူသည် ယမန်နေ့မတ်လ ၈ ရက်ညပိုင်း၌ ကျင်းပသည့် ဂိမ်းဆိုင်ဝန်ထမ်းများ၏ပါတီမှ နေအိမ်သို့ပြန်လည်ရောက်မလာသဖြင့် အသက် ၃၇နှစ်အရွယ် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် သမီးဖြစ်သူကို ဂိမ်းဆိုင်ပိုင်ရှင် Mr.Wang Wei Wei က လက်ထပ်လိုကြောင်း ဂိမ်းဆိုင် မန်နေဂျာသန့်ဇင်ဝင်း(၄၀)နှစ်မှတစ်ဆင့် ဆက်သွယ်ခဲ့သည်။

သမီးဖြစ်သူကို ပြန်လည်တွေ့ရှိပြီးနောက် အကြောင်းစုံမေးမြန်းရာ ယမန်နေ့ည၌ ဂိမ်းဆိုင်ဝန်ထမ်းများပါတီပွဲကျင်းပပြုလုပ်ခဲ့ပြီးနောက် ဆိုင်မန်နေဂျာ သန့်ဇင်ဝင်းက ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ အိမ်အထိရောက်အောင်ပို့ဆောင်ပေးခြင်းမရှိဘဲ ဆီဖြည့်ရန်သွားမည်ဟုပြောဆိုကာ ဂိမ်းဆိုင်ပိုင်ရှင် Mr.Wang Wei Wei (၂၈ နှစ်)နှင့်ထည့် ပေးခဲ့ကြောင်း ပြောပြသိရှိခဲ့ရသည်ဟု ဆိုသည်။

၄င်းက တည်းခိုခန်းသို့ခေါ်ဆောင်သွားခဲ့ပြီး သားမယားအဖြစ်ဆက်ဆံခဲ့ကြောင်း၊နံနက်အချိန်တွင် မန်နေဂျာဖြစ်သူက မိဘများထံလာရောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

မြဝတီမြို့မရဲစခန်းက(ပ)၃၃၇/၁၉ ရာဇသတ်ကြီးပုဒ်မ၃၆၆၊၃၇၆၊၁၁၄ တို့အရ အမှုဖွင့်အရေးယူထားသည်။