မြန်မာလက်ရွေးစင် ယာယီနည်းပြ ဦးမျိုးမင်းထွန်း မတ် ၁၃ ရက်မှ အသင်းနှင့် ပူးပေါင်းမည်

မြန်မာလက်ရွေးစင် ယာယီနည်းပြ ဦးမျိုးမင်းထွန်း မတ် ၁၃ ရက်မှ အသင်းနှင့် ပူးပေါင်းမည်

နိုင်ငံတကာခြေစမ်းပွဲများ ကစားရန်အတွက် မတ်၁၁ရက်မှစတင်၍ လေ့ကျင့်ပြင်ဆင်လျက် ရှိနေသည့် မြန်မာ့လက်ရွေးစင်အသင်းမှာ အေအက်ဖ်စီပွဲစဉ်များပြီးမှသာ လူစုံလေ့ကျင့် နိုင်မည်ဖြစ်ပြီး ယာယီနည်းပြချုပ် ဦးမျိုးမင်း ထွန်းမှာလည်း မတ် ၁၃ ရက်မှသာ အသင်း နှင့်ပူးပေါင်းနိုင်မည်ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းသည် မတ် ၁၉ ရက်တွင် တရုတ်တိုင်ပေ၊ မတ် ၂၅ ရက် တွင် အင်ဒိုနီးရှားအသင်းတို့နှင့်ကစားမည့် ခြေစမ်းပွဲများအတွက် ကစားသမား ၂၇ ဦး စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပြီဖြစ်သည်။ သို့ သော် ရန်ကုန်နှင့်ရှမ်းယူနိုက်တက်တို့မှာ မတ် ၁၂ ရက်တွင် အေအက်ဖ်စီပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်၍ အဆိုပါနှစ်သင်းမှ လက် ရွေးစင်အသင်းအတွက် ရွေးချယ်ခံရသည့် ကစားသမားများမှာ ပြိုင်ပွဲပြီးမှသာ မြန်မာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။

ပူးပေါင်း

လက်ရွေးစင်အသင်းအတွက် ရှမ်းယူနိုက် တက်မှ ရွေးချယ်ခံရသည့် ဒေးဗစ်ထန်၊ ထိုက် ထိုက်အောင်၊ ဟိန်းသီဟဇော်၊ ရန်နိုင်ဦး၊ ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်းတို့မှာ ယနေ့ပွဲစဉ် အပြီးတွင် ပူးပေါင်းမည်ဖြစ်ပြီး ရန်ကုန်ယူ နိုက်တက်မှ ကျော်ဇင်ထက်၊ ပြည့်ဖြိုးဇော်၊ မင်းကျော်ခန့်၊ မောင်မောင်လွင်၊ ငြိမ်းချမ်းအောင် တို့မှာ မတ် ၁၃ ရက်မှသာ အသင်းနှင့်ပူးပေါင်း နိုင်မည်ဖြစ်သည်။

ထို့အတူ လက်ရွေးစင်ယာယီနည်းပြချုပ် ဦးမျိုးမင်းထွန်းက နာဂါဝေါလ်အသင်းနှင့် အေအက်ဖ်စီပွဲစဉ်ယှဉ်ပြိုင်အပြီး မတ် ၁၃ ရက်ညတွင် ကမ္ဘောဒီးယားနိုင်ငံမှတစ်ဆင့် မန္တလေးမြို့သို့ တိုက်ရိုက်ထွက်ခွာကာ အသင်း နှင့်ပူးပေါင်းမည်ဟု ပြောဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး