ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော်မြို့နယ်များအတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ အေ အေတို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး အေအေအဖွဲ့ဘက်မှ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက မတ်၁၅ ရက် ညပိုင်းက ထုတ်ပြန်သည်။
ဝင်ရောက်တိုက်ခိုက်
အေအေသည် ၂၀၁၉ ခုနှစ် တက္ကသိုလ် ဝင်တန်း စာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေ လွှာများအား ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် နယ် မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် အင်အား ၁၁ ဦးခန့်သာရှိသည့် ယိုးတရုတ် ကျေးရွာ ရဲကင်းစခန်းအား မတ် ၉ ရက်ညပိုင်း က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဆုတ်ခွာထွက်ပြေး
လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မတ် ၁၁ ရက်မွန်းလွဲပိုင်းတွင် ပုဏ္ဏားကျွန်းမြို့နယ် နှင့် ကျောက်တော်မြို့နယ်တို့အား ဝင်ရောက် တိုက်ခိုက်၊ နှောင့်ယှက်ဖျက်ဆီးရန် အင်အားစု စည်းလျက်ရှိသော အေအေ အင်အားစုများ ၏ ယာယီအခြေပြုစခန်းအားတွေ့ရှိပြီး စတင် ထိတွေ့မှု ဖြစ်ပွားခဲ့ကာ ရင်ဆိုင်ထိန်းချုပ်ခဲ့ သည်။ ထို့နောက် အေအေသည် မတ် ၁၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား အင်အား အလုံးအရင်းဖြင့် အကြိမ်ကြိမ်ဝိုင်းပတ်ပိတ် ဆို့တိုက်ခိုက်ခြင်းများ၊ အကြိမ်ကြိမ်အင်အား ထပ်မံဖြည့်တင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းနိုင်ရေး ဆောင်ရွက် ခဲ့သည်။ မတ် ၁၃ ရက် ညပိုင်းနှင့် မတ် ၁၄ ရက်တို့၌
လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကူ၊ ပစ်အားရယူလျက် အေအေကိုပြန်လည်တိုက် ခိုက်ခဲ့ရာ မတ် ၁၄ ရက်ညနေပိုင်းတွင် အေအေ သည် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။
သိမ်းပိုက်ရရှိခဲ့
ဖြစ်စဉ်တွင် တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး အေအေ ဘက်မှ လက်နက်၊ အလောင်းနှင့် ပုဏ္ဏားကျွန်း မြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်း မြို့၊ ရွာနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ယာယီအခြေပြုစခန်းတစ်ခုတို့အား သိမ်းပိုက် နိုင်ခဲ့သည်။















