အစွန်းရောက် ဂျူးအမျိုးသားရေးပါတီကို ရွေးကောက်ပွဲဝင်ခွင့် တရားရုံးချုပ်ပိတ်ပင်

အစွန်းရောက် ဂျူးအမျိုးသားရေးပါတီကို ရွေးကောက်ပွဲဝင်ခွင့် တရားရုံးချုပ်ပိတ်ပင်

အစ္စရေးဗဟိုတရားရုံးချုပ်သည် ဧပြီတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အစွန်းရောက် ဂျူးအမျိုးသားရေးပါတီခေါင်းဆောင်အားဝင်ပြိုင်ခွင့် ပိတ်ပင်လိုက်သည်။

အစ္စရေးရွေးကောက်ပွဲကော်မတီကယခုလဆန်းတွင် ဂျူးအင်အားစုပါတီခေါင်းဆောင် မိုက်ကယ် ဘန် အရီကိုရွေးကောက်ပွဲမှတ်ပုံတင်ခွင့်ပြုခဲ့သော်လည်းဗဟိုတရားရုံးချုပ်ကရွေးကောက်ပွဲဝင်ခွင့်မပေးရန် ၈ မဲ ၁ မဲဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဘန် အရီသည် အာရပ်ဆန့်ကျင်ရေးဝါဒစွဲကိုင်မှု၊ အာရပ်မုန်းတီးရေးလှံှုု့ဆော်မှုများကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်းတရားရုံးချုပ်ကထုတ်ပြန်ခဲ့သည်။

တရားရုံးချုပ် ဆုံးဖြတ်ချက်သည် ဥပဒေဖြင့် အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်းတုံ့ပြန်ဝေဖန်ခဲ့သည်။

ဂျူးအင်အားစုပါတီဝင် လက်ယာစွန်းဝါဒီရှေ့နေအီမာဘန်ဗာ၏ ရွေးကောက်ပွဲဝင်ခွင့်ကိုလည်းတရားရုံးချုပ်ကပိတ်ပင်လိုက်ကြောင်းတွေ့ရသည်။

ဂျူးအင်အားစုပါတီသည် အာရပ်များကိုအစ္စရေးမှ နှင်ထုတ်မည်ဟုကြွေးကြော်ခဲ့ဖူးသောမီယာကာဟန်း၏   လှုပ်ရှားမှုနှင့် အသွင်တူပြီးကာဟန်း၏  ကက်ရှ်ပါတီသည် ၁၉၈၀ ပြည့်နှစ်များကအစ္စရေးလွှတ်တော်မှ ထုတ်ပယ်ခံခဲ့ရကာအမေရိကန်ကအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။

အစ္စရေး၏ အမျိုးသားရေးဝါဒီများ၊ ဘာသာရေးအဖွဲ့အစည်းများပါလာမည့် ရွေးကောက်ပွဲညွန့်ပေါင်းအစိုးရ၌ ပါဝင်နိုင်ရေးဝန်ကြီးချုပ် နေတန်ညာဟုသည် ပြီးခဲ့သည့်လကသဘောတူညီချက် ရယူခဲ့မှုကြောင့် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။