သမ္မတဟောင်းဦးထင်ကျော် ပိုင်ဆိုင်မှုစစ်ဆေးမည်ဆိုသည့် သတင်းထွက်ပေါ်မှု သတင်းမှားဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရှင်းလင်း

သမ္မတဟောင်းဦးထင်ကျော် ပိုင်ဆိုင်မှုစစ်ဆေးမည်ဆိုသည့် သတင်းထွက်ပေါ်မှု သတင်းမှားဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရှင်းလင်း

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ပိုင်ဆိုင်မှုကို စစ်ဆေး မည်ဆိုသည့်သတင်းမှာ လူမှုကွန်ရက် စာမျက်နှာတွင် မတ် ၁၉ ရက် မွန်းလွဲပိုင်း၌ ပျံ့နှံ့လာပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းမှားဖြစ်ကြောင်း မတ် ၁၉ ရက်ညပိုင်းက ရှင်း လင်းချက်ထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် "စိတ်မဆိုးရင် ပြောချင်"၌ "နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ပိုင်ဆိုင်မှုများနှင့် ပတ် သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်က အာရ်အက်ဖ်အေ သို့ပြောကြားချက်"ဟု ဖော်ပြ၍ ရေးသားခဲ့ခြင်းဖြစ် သည်။ အဆိုပါ ဖော်ပြချက်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်အနေဖြင့်လည်းကောင်း၊ ကော်မရှင် အနေဖြင့်လည်းကောင်း ပြောကြားခဲ့ခြင်းမရှိပါကြောင်း အသိပေး ထုတ်ပြန်ခဲ့သည်။

ဦးထင်ကျော်နှင့်ပတ်သက်ပြီး သတင်းမှား ဖြန့်ချိသူများသည် ၎င်းတို့၏ ထုံးစံအတိုင်း ယုံမှားသံသယဖြစ်စရာ အချက်အလက်များဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ရာ ၎င်းတို့ရေးသားထားသည့် သတင်းတွင် ငွေကျပ် သိန်းပေါင်းများစွာကို အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း ရေးသားထား သည်။ ယင်းသတင်းနှင့်ပတ်သက်ပြီး အာရ်အက်ဖ်အေကလည်း ၎င်း တို့အနေဖြင့် ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့်ကို တစ်စုံတစ်ရာမေးမြန်း ခြင်း၊ သတင်းရေးသားခြင်း လုံးဝမရှိကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။

အနားယူ

ဦးထင်ကျော်သည် အင်န်အယ်လ်ဒီပါတီ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မတ်လကုန်မှစ၍ ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်အထိ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင် ခဲ့ပြီး ကျန်းမာရေးအခြေအနေအရ ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်၌ တာဝန်မှနုတ်ထွက်အနားယူခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး