အေအေအဖွဲ့ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လုပ်ဆောင်နေမှုများကြောင့် စစ်ဆင်ရေးတိုးမြှင့်ရဟု တပ်မတော်ထုတ်ပြန်

အေအေအဖွဲ့ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လုပ်ဆောင်နေမှုများကြောင့် စစ်ဆင်ရေးတိုးမြှင့်ရဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အေအေအဖွဲ့သည် အစိုးရအုပ်ချုပ်ရေးယန္တရားပျက် ပြားအောင်လုပ်ဆောင်နေ၍ စစ်ဆင်ရေးလုပ်ငန်းများကိုတိုးမြှင့်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၂၆ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။

နှစ်ကြိမ်လာရောက်တိုက်ခိုက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျီးရာပြင်ကျေးရွာအနီး မြောက်ဦး--ကျောက် တော် လမ်းလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား မတ် ၂၆ ရက် နံနက်ပိုင်းတွင် အေအေ ၁၅၀ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ကြိမ်လာ ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းက ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြောက်ဦး-- ကျောက်တော်ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ကျီးရွာပြင် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၃၀ဝ ခန့်အကွာ လင်းြွေမတောင်ကြောနေရာ၌ နံနက် ၂ နာရီဝန်းကျင်က အေအေအဖွဲ့ဝင် ၁၀ဝ ခန့်က တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၃ နာရီခွဲတွင် အေအေအဖွဲ့ဝင် ၅၀ ခန့် လာရောက်ပူးပေါင်းကာ အင်အား ၁၅၀ ခန့်ဖြင့် ဒုတိယအကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့် ၌ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် တပ်မတော်ဘက်မှ စစ်သည်အချို့ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အေအေဘက်မှ အရပ်ဝတ်အလောင်းများနှင့် လက်နက်ငယ်မျိုးစုံ သုံးလက်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

စစ်ဆင်ရေးတိုးမြှင့်

အေအေသည် မြို့၊ ရပ်ကွက်၊ ကျေးရွာနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တိုက် ခိုက်ခြင်း၊ မိုင်းထောင်မိုင်းခွဲခြင်းစသည့် အဖျက်အမှောင့်အကြမ်းဖက်လုပ်ရပ်များနှင့် အစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် ဆောင်ရွက်လျက်ရှိရာ ၎င်းတို့၏လုပ်ရပ်များကို ဟန့်တားထိန်းချုပ်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းများအား မကြာခဏပစ်ခတ်တိုက် ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများအနေဖြင့် လမ်းပန်း ဆက်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေး နှင့် စစ်ဆင်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး