တရားမဝင်ရွှေတူးဖော်သူနှစ်ဦးကို သိန်းထောင်ချီဖိုး စက်ပစ္စည်းများနှင့်အတူဖမ်းမိ

တရားမဝင်ရွှေတူးဖော်သူနှစ်ဦးကို သိန်းထောင်ချီဖိုး စက်ပစ္စည်းများနှင့်အတူဖမ်းမိ

ခန္တီးမြို့တွင် တရားမဝင်ရွှေတူးဖော်ရေးလုပ်ကိုင်နေသူနှစ်ဦးကို သိန်းထောင်ချီဖိုး စက်ပစ္စည်းများနှင့်အတူ သက်ဆိုင်ရာက ဧပြီ ၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။
 

အဆိုပါနေ့ ညနေ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မကန်နောင်ကျေးရွာ၏ မြောက် ဘက်နှစ်မိုင်ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့က ညောင်တစ်လျှောက် ရွှေမှော်လုပ်ကွက်ကို ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါလုပ်ငန်းခွင်အတွင်း မုံရွာမြို့ ထန်းတောရပ်နေ ဦးသန်းဇော်(၅၀ နှစ်)နှင့် ရေစကြိုမြို့နယ်၊ ဝယ်ရာကျေး ရွာနေ ထွန်းမြင့်လွင်(၂၃)နှစ်တို့ ကို ဘတ်ဟိုးယာဉ် သုံးစီး၊ ခြောက် လုံးထိုး အင်ဂျင် နှစ်လုံး၊ရေခရုနှစ်လုံး၊ သံပိုက်လေးခု၊ ပိုက်သုံးခွေ၊ ရွှေမျောတူးဖော်ရာတွင် အသုံးပြုသည့် အိတ်ဖက် အစိမ်း(၃၀)ခု၊ ဒီဇယ် ပေပါနှစ်လုံး၊ ပေပါခွံငါးလုံး၊ မျှော်စင်နှစ်စင်နှင့် လည်ချောင်းပိုက်နှစ်ချောင်း စုစုပေါင်း၂၃၃၈ သိန်းကျော်ဖိုးကို ဖမ်းဆီးရမိခဲ့သောကြောင့် ၄င်းတို့ နှစ်ဦးကို အရေးယူပေး ရန်တိုင်ကြားခဲ့သည်။

ခန္တီးမြို့မ ရဲစခန်းက (ပ)၂၉/၁၉၊ မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀(က) အရ အမှုဖွင့်အရေးယူထားသည်။