ဘီတီအက်စ်အဖွဲ့၏သီချင်း ဗြိတိန်ထိပ်တန်းသီချင်းစာရင်းတွင် ရပ်တည်နေ

ဘီတီအက်စ်အဖွဲ့၏သီချင်း ဗြိတိန်ထိပ်တန်းသီချင်းစာရင်းတွင် ရပ်တည်နေ

ကေပေါ့ အမျိုးသားအဆိုတော်အဖွဲ့ ဘီတီအက်စ်၏  Map of the Soul: Persona သီချင်းသည် ဗြိတိန်ရှိ ရောင်းအကောင်းဆုံး သီချင်းစာရင်းတွင် ထိပ်ဆုံးကပါဝင်ခဲ့ပြီး ဘီတီအက်စ်သည် ယင်းစာရင်းထိပ်ဆုံးနေရာ၌ ပထမဆုံးရပ်တည်ခဲ့သည့် ကေပေါ့ဂီတအဖွဲ့ဖြစ်လာခဲ့သည်။

ဘီတီအက်စ်သည် လန်ဒန်ရှိ ဝင်ဘာလေအားကစားရုံ၌ ဇွန်တွင် ဖျော်ဖြေပွဲနှစ်ခုကို ပြုလုပ်မည်ဖြစ်သည်။ တစ်ပုဒ်ချင်း ထိပ်ဆုံးနေရာတွင် လစ်တဲနက်စ်အိပ်စ်က ၎င်း၏ Old Town Road ရက်ပ်သီချင်းဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်း လူကြိုက်အများဆုံးသီချင်းတစ်ပုဒ်ချင်းစာရင်းကိုပြုစုခဲ့သည့် အော်ဖစ်ရှယ်ချတ်ကုမ္ပဏီကပြောဆိုခဲ့သည်။

လစ်တဲ နက်စ်အိပ်စ်၏ သီချင်းသည် အမေရိကန်ဂီတသီချင်းခွေများ ထိပ်ဆုံးစာရင်းမှ မတ်တွင် ဖယ်ရှားခံခဲ့ရသော်လည်း ကျေးလက်ဂီတအဆိုတော် ဘီလီရေးဆိုင်းရပ်စ်ကမူ ယင်းသီချင်းကိုချီးကျူးပြောဆိုခဲ့သည်။

ကွယ်လွန်သူ ဆွီဒင်သား ဒီဂျေအဗစ်ချီ၏ SOS သီချင်းသည်လည်း နံပါတ် ၁၂ နေရာတွင် ရပ်တည်နေသည်။ အဗစ်ချီသည် ယမန်နှစ် ဧပြီ ၂၀ ရက်တွင် သေဆုံးခဲ့သည်။ဘီလီ အီးလစ်ချ်၏ When We Fall Asleep, Where Do We Go? သီချင်းသည် နံပါတ်တစ်နေရာတွင် ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်တည်ခဲ့ပြီးနောက် ယခုအချိန်တွင် နံပါတ်နှစ်နေရာသို့ ကျဆင်းသွားခဲ့သည်။

ဘီတီအက်စ်အဆိုတော်အဖွဲ့၏ သီချင်းသည် ဆွစ်ဇာလန်နိုင်ငံသား စိတ်ပညာရှင် ကားလ်ယန်း၏ လူ့အတ္တ၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်မနောဆိုင်ရာသီအိုရီများနှင့်ဆက်စပ်မှုရှိသော သီချင်းဖြစ်သည်။