နိုင်ငံတွင်းအကျင့်ပျက်ခြစားမှု တိ်ုက်ဖျက်ရေး၊ အလုပ်လက်မဲ့နှုန်း မြင့်မားနေမှု ဖြေရှင်းပေးရေး ဆန္ဒပြတောင်းဆိုခဲ့သောတက်ကြွလှုပ်ရှားသူ၄၂ ဦးဖမ်းဆီးခံထားရမှု အမြန်ဆုံး ပြန်လွှတ်ပေးရေးဧပြီ ၂၁ တွင် မြို့တော် ရာဘတ်၌ ပြည်သူထောင်သောင်းချီ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
“မော်ရိုကိုပြည်သူများချီတက်ပွဲ” ကို နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများကဦးဆောင်စီစဉ်ခြင်းဖြစ်ကာထိန်းသိမ်းခံထားရသူများ၏ မိသားစုဝင်များလည်းပူးပေါင်းပါဝင်ခဲ့ကြသည်။
၂၀၁၆ မှ ၂၀၁၇ ကာလအတွင်းဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် သီတင်းပတ်ကအယူခံတရားရုံးကလည်းတက်ကြွလှုပ်ရှားသူများ၏ ထောင်ဒဏ်ကိုထပ်မံအတည်ပြုလိုက်ပြီးနောက် ဆန္ဒပြပွဲပေါ်ပေါက်လာခြင်းဖြစ်သည်။
တက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်သည် နိုင်ငံတော်လုံခြုံရေးကိုထိပါးစေနိုင်သည်ဟုအာဏာပိုင်များကစွပ်စွဲကာထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်။
မော်ရိုကိုမြောက်ပိုင်းဒေသများရှိ ဆန္ဒပြပွဲများ၌ သတင်းယူဖော်ပြမှုဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသောသတင်းသမားဟာမစ် အယ်လ် မာဒိုရီကို ပြန်လွှတ်ပေးရန်လည်း ဆန္ဒပြသူများကတောင်းဆိုခဲ့ကြသည်။ တက်ကြွလှုပ်ရှားသူများသည် “ရစ်ဖ် လှုပ်ရှားမှု” အဖွဲ့ဝင်များဖြစ်ပြီးအဖွဲ့ခေါင်းဆောင် နက်ဆာဇာဇာကီကို ၂၀၁၈ ဇွန်လတွင် တရားရုံးကထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။
အခြားအဖွဲ့ဝင်နှစ်ဦးဖြစ်သည့် အိုဆင်မ် အယ် ဘိုတာတီနှင့် ဆာမီယာဂစ်တို့ကိုလည်းထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကာ အခြားအဖွဲ့ဝင်များကိုထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့သည်။

















