အာရှကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲ သက်ထားသူဇာ ယှဉ်ပြိုင်

အာရှကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲ သက်ထားသူဇာ ယှဉ်ပြိုင်

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၁၉ အာရှကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ် ယှဉ်ပြိုင်ရန် မြန်မာ ကြက်တောင်အားကစားမယ် သက်ထားသူဇာ သည် ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ကြောင်း သိရသည်။

လက်ရည်စစ်ပွဲ

အာရှကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၂၃ ရက် မှ ဧပြီ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အမျိုးသားတစ်ဦး ချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ် ယောက်တွဲ အမျိုးသမီးနှစ်ယောက်တွဲနှင့် အမျိုး သား၊ အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ အဆင့် ၁၃၂ ၌ ရပ်တည်နေသည့် သက်ထား သူဇာသည် ဆီဒင်အဆင့်သတ်မှတ်ချက်အရ လက်ရည်စစ်ပွဲမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သက်ထားသူဇာသည် လက်ရည်စစ်ပွဲ အုပ်စု(ဂ)တွင် ကျရောက်ခဲ့ပြီး အုပ်စုတွင်း၌ ကမ္ဘာ့အဆင့်၂၀၈ ရှိ သီရိလင်္ကာကစားသမား၊ ကမ္ဘာ့အဆင့် ၆၉၆ ရှိ ဥဇဘက်ကစ္စတန် ကစားသမားတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု(ဂ)မှ အုပ်စုဗိုလ်ကစားသမားသည် (၃၂)ဦးအဆင့်တွင် ကမ္ဘာ့အဆင့်လေးရှိ ဂျပန် ကစားသမားယာမာဂူရှီနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် အတွက် ကမ္ဘာ့အဆင့် ၁၀ဝ အတွင်း ရောက် ရန်လိုအပ်လျက်ရှိ၍ အိုလံပစ်ပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာပြိုင်ပွဲများမှ အမှတ်များ စုဆောင်း လျက်ရှိနေသည်။ သက်ထားသူဇာသည် ယခု နှစ်အတွင်း အာရှကြက်တောင် ချန်ပီယံရှစ် ပြိုင်ပွဲ၊ မြန်မာနိုင်ငံတကာစီးရီးပြိုင်ပွဲ၊ ဆီးဂိမ်း ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး