မြန်မာအသင်းအကြောင်း ကောင်းကောင်းသိဟု မီရိုဒရပ် ရှင်းလင်းပွဲ၌ဆို ဇွန်လ၌ လက်ဘနွန်၊ စင်ကာပူအသင်းများနှင့် အဝေးကွင်း၌ခြေစမ်းမည်

မြန်မာအသင်းအကြောင်း ကောင်းကောင်းသိဟု မီရိုဒရပ် ရှင်းလင်းပွဲ၌ဆို ဇွန်လ၌ လက်ဘနွန်၊ စင်ကာပူအသင်းများနှင့် အဝေးကွင်း၌ခြေစမ်းမည်

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ခံရသည့် မွန်တီနီ ဂရိုးနိုင်ငံသား မီရိုဒရပ် ရာဂျူလိုဗစ်၏ အနာ ဂတ်မှာ ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ အောင် မြင်မှုအပေါ် မူတည်နေကြောင်း ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကို သိန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းက မီရိုဒရပ် ရာဂျူလိုဗစ်နှင့် လက်ထောက်နည်းပြ မွန်တီနီဂရိုးနိုင်ငံသား ဗလာဒီမာကို ၂၀၂၀ ဒီဇင်ဘာလကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး နည်းပြသစ်အနေဖြင့် မြန်မာအသင်းကို၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲ တွင် အနိမ့်ဆုံးဆီမီးဖိုင်နယ် တက်အောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။ "နည်းပြသစ် အနေနဲ့ မြန်မာအသင်းကို ဆူဇူကီးဖလား ပြိုင်ပွဲမှာ အနိမ့်ဆုံးဆီမီးဖိုင်နယ်အထိ ရောက် အောင် စွမ်းဆောင်ပေးဖို့လိုသလို ၂၀၂၃ အာရှဖလားခြေစစ်ပွဲကိုလည်း အောင်မြင်အောင် စွမ်းဆောင်ပေးဖို့လိုပါတယ်။ အဖွဲ့ချုပ်အနေနဲ့ မြန်မာအသင်းကစားမယ့်ပွဲတိုင်းကို စိစစ် သုံးသပ်သွားမယ်။ လာမယ့်နှစ်မှာ ကျင်းပမယ့် ဆူဇူကီးပြိုင်ပွဲမှာ သူရဲ့စွမ်းဆောင်ရည်ကို သုံးသပ်ပြီး သက်တမ်းတိုးမတိုး ဆုံးဖြတ်သွား မှာပါ" ဟု ဦးကိုကိုသိန်းက ပြောဆိုခဲ့သည်။

မီရိုဒရပ်ရာဂျူလိုဗစ်သည် မြန်မာ့လက် ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်မယူခင် လက်ဘနွန်လက်ရွေးစင်အသင်း နည်းပြချုပ် အဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လ အကုန်ထိ တာဝန်ယူခဲ့သည်။ လက်ဘနွန် နည်းပြချုပ်အဖြစ် ၎င်းတာဝန်ယူခဲ့စဉ်က ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ၌ မြန်မာအသင်းနှင့် တစ်အုပ်စုတည်း တွေ့ဆုံခဲ့ ဖူးပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။

"ကျွန်တော် လက်ဘနွန်နည်းပြချုပ်အဖြစ် ရှိစဉ်ကတည်းက မြန်မာအသင်းအကြောင်း ကောင်းကောင်းသိပါတယ်။ မြန်မာကစား သမားတွေက ပင်ကိုယ်အရည်အသွေးကောင်း ပေမယ့် ကြံ့ခိုင်မှုပိုင်းနဲ့ စည်းကမ်းပိုင်းတချို့ တော့ အားနည်းမှုတွေရှိတယ်။ ဒါတွေကို အဓိကပြင်ဆင်သွားမှာပါ"ဟု မီရိုဒရပ်က ပြော ဆိုသည်။

ခြေစမ်းမည်

မြန်မာလက်ရွေးစင်အသင်းသည် လာမည့် ဇွန်တွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစား မည်ဖြစ်ပြီး မီရိုဒရပ်အတွက် ပွဲဦးထွက်ခြေစမ်း ပွဲဟုလည်းဆိုရမည်ဖြစ်သည်။ မြန်မာအသင်း သည် ဇွန် ၆ ရက်တွင် လက်ဘနွန် (သို့မဟုတ်) ဘာရိန်းအသင်းနှင့် အဝေးကွင်းတွင် ခြေစမ်း မည်ဖြစ်ပြီး ဇွန် ၁၁ ရက်တွင် အဝေးကွင်း၌ပင် စင်ကာပူအသင်းနှင့် ခြေစမ်းဦးမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး