တောင်ကိုရီးယားကေလိဂ်မှ ၂၀၂၀ ပြည့် နှစ်ရာသီမှစ၍ အာဆီယံဒေသတွင်း ကစား သမားတစ်ဦးအား အသင်းတိုင်းခေါ်ယူခွင့် ရှိမည့်စည်းမျဉ်းသစ်ကို ပြဋ္ဌာန်းခဲ့ပြီဖြစ်သော် လည်း ပြည်တွင်းမှထွက်ကစားနိုင်သည့် အရည် အသွေးရှိကစားသမားမရှိသေးကြောင်း နေရှင် နယ်လိဂ်စီအီးအို ဦးစိုးမိုးကျော်က ထုတ်ဖော် ပြောဆိုခဲ့သည်။
အတည်ပြု
ကေလိဂ်သည် ယခင်က အာရှတိုက်မှ တစ်ဦးအပါအဝင် ပြည်ပကစားသမားလေးဦး အထိ ခေါ်ယူကစားခွင့်ပြုထားသော်လည်း အာဆီယံဒေသ ဘောလုံးစီးပွားရေးဈေးကွက် ကို ချဲ့ထွင်းသည့်အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်မှစ၍ ပြည်ပကစားသမားခေါ်ယူခွင့် ခွဲတမ်းအား အာဆီယံဒေသမှ တစ်ဦးထပ်တိုး ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်ကို ဧပြီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် တောင်ကိုးရီးယား ပရော်ဖက်ရှင်နယ်လိဂ် ဒါရိုက်တာဘုတ် အဖွဲ့ အစည်းအဝေး၌ အတည်ပြုခဲ့သည်။
"ကိုရီးယားလိဂ်က ဒေသတွင်းလိဂ်တွေ ထက် အများကြီး အဆင့်မြင့်တယ်။ ပါဝင် ကစားခွင့်ရဖို့ အတော်ခက်ခဲမယ်။ တော်ရုံဇွဲ သတ္တိ၊ ကြံ့ခိုင်မှု၊ ကြိုးစားရုံနဲ့တော့မရဘူး။ ကစားသမားတွေဘက်က ဒီအခွင့်အရေးကို အသုံးချနိုင်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကေလိဂ်မှာ ကစားနိုင်တဲ့ကစား သမား လက်ရှိအချိန်အထိ ပြည်တွင်းမှာ မရှိသေးဘူး။ ကေလိဂ်ကို တိုက်ရိုက်သွားကစား တာထက်၊ ထိုင်းလိဂ်လိုမျိုးမှာ ပွဲထွက်စာရင်း ဝင်အောင် ကြိုးစားသင့်တယ်။ ကေလိဂ်မှာ ငုတ်တုတ်ထိုင်နေရင် အလကားပဲ။ ကြိုးစားရင် တော့ အခွင့်အရေးရမယ်"ဟု ဦးစိုးမိုးကျော်က သုံးသပ်ခဲ့သည်။
တိုက်တွန်း
ကေလိဂ်ကလပ်များမှ ပြည်တွင်းကစား သမားများကို ကမ်းလှမ်းလာပါက နေရှင်နယ် လိဂ်ဘက်က အစွမ်းကုန်ကူညီပေးမည်ဖြစ်ပြီး ကစားသမားဘက်မှ ပရော်ဖက်ရှင်နယ်ပီသ အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်း ခဲ့သည်။
တစ်ဦးတည်း
ကေလိဂ်မှခွင့်ပြုခဲ့သည့် အာဆီယံကစား သမားခွဲတမ်းနေရာမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ကစားသမားများအတွက်ဖြစ်ကြောင်း သိရ သည်။ လက်ရှိအချိန်တွင် ပြည်တွင်းမှ ကစား သမားတချို့သည် ထိုင်းပရီးမီးယားလိဂ်တွင် အငှားသွားရောက်ကစားလျက်ရှိပြီး အာဆီယံ ဒေသတွင်းမှ ဗီယက်နမ်ကလပ် ဟောင် အန်ဂယ်လိုင်တိုက်စစ်မှူး ငုယင်ကောင်ဖောင် တစ်ဦးတည်းသာ ကေလိဂ်ကလပ်အင်ချွန် ယူနိုက်တက်တွင် အငှားကစားလျက်ရှိနေ သည်။















