နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်တို့သည် ဧပြီ ၂၄ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ Great Hall of the People ၌ မြန်မာ-- တရုတ် နှစ်နိုင်ငံအရေးကိစ္စများဆွေးနွေး ခဲ့ကြောင်း(အပေါ်ပုံ) နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။ ထိုသို့တွေ့ဆုံရာ၌ မြန်မာ--တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က မှတ်ချက်ပြုခဲ့သည်။

ခရီးစဉ်မတိုင်ခင်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဆန့်ကျင်သည့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ပြည်သူတစ်ဦးလျှင် တစ်ဒေါ်လာထည့်ဝင်ကာ မြစ်ဆုံကို တရုတ်လက်မှပြန်ရွေးမည်ဆိုသည့် လှုပ်ရှားမှုပင် ပေါ်ပေါက်ခဲ့သည်။

စဉ်းစားစရာဖြစ်လာကြောင်းသတိပေး

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံသည် ရပ်ဆိုင်းခံထားရသော မြစ်ဆုံ စီမံကိန်းကို ပြန်လည်စတင်ရန် လေသံပစ်လာခဲ့သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ တရုတ်သံအမတ်ကြီး မစ္စတာဟုန့်လျန် ကိုယ်တိုင်သွားရောက်ကာ ဒေသခံအဖွဲ့အစည်းများ နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု များအတွက် စဉ်းစားစရာဖြစ်လာကြောင်း သတိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်း မြို့၌ ဧပြီ၂၅ ရက်မှ ၂၈ ရက်အထိကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့တက်ရောက်ရန် ဧပြီ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာသွားခဲ့သည်။

"ဒီခရီးစဉ်က ပိုးလမ်းမစီမံကိန်းအတွက်ဆိုပေမယ့် မြစ်ဆုံကိစ္စ တရုတ်ဘက်က နှုတ်ဆိတ် နေမယ်လို့မထင်ဘူး။ ဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်ပြင်ဆင်ထားမယ် ထင်ပါတယ်"ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောဆိုသည်။

လိုက်ပါသွားကြ

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး