နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန် အောင်မြင်ကုန်းတော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော် ကြီး၏ စကျင်ဗုဒ္ဓရုပ်ပွားတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်များအား ပင့်ဆောင်ပူဇော်လာသည့် ဒေသစာရီမဟာ စကြာယာဉ်တော် သုံးစီးသည် ဧပြီ ၂၈ရက် နံနက် ၁၁ နာရီက ခေတ္တနားနေ စံပယ်တော် မူမည့် အထက (၁) ရွှေရတုခန်းမရှေ့မဏ္ဍပ် အတွင်းသို့ ရောက်ရှိလာခဲ့သည်။
ကြိုဆို
ယင်းမဟာစကြာယာဉ်တော် သုံးစီးအားအောင်လံ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယသရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်မောင်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေး၊ ဘာသာ ရေးအသင်းအဖွဲ့များနှင့် မိဘပြည်သူများက ကြိုဆိုခဲ့ကြသည်။
အလှူငွေပေးအပ်
ဆက်လက်၍ အောင်လံမြို့နယ် သံဃနာ ယကအဖွဲ့ ဆရာတော်ကြီးများက ငါးပါးသီလ ချီးမြှင့်ပြီး အောင်လံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယသရက်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင်၊ အောင်လံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း ဇနီး ဒေါ်စန်းစန်းအေးနှင့် အလှူရှင်များက ငွေသားနှင့် ပစ္စည်းတန်ဖိုးစုစုပေါင်းကျပ် ၄၅၁၃၈၀ဝ အား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပူဇော် ပင့်ဆောင်ရေးကော်မတီဝင် ဒုတိယညွှန်ကြား ရေးမှူး ဦးနိုင်မောင်မောင်စိုးနှင့် အဖွဲ့ဝင်များက အလှူငွေကို လက်ခံယူကြပြီး အောင်လံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးဥာဏော ဘာသက ရေစက်သွန်းချအမျှပေးဝေပြီး မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် တောင်တွင်း ကြီးမြို့သို့ ဆက်လက်၍ဒေသစာရြွီကချီ အပူဇော်ခံခဲ့သည်။

















