အစိုးရနှင့်မြောက်ပိုင်းအဖွဲ့များ၏ သုံးနာရီကြာ မူဆယ်ဆွေးနွေးပွဲ ရလဒ်ကောင်းခဲ့ပြီး မေလတတိယပတ်တွင်ထပ်မံတွေ့ဆုံကြမည်

အစိုးရနှင့်မြောက်ပိုင်းအဖွဲ့များ၏ သုံးနာရီကြာ မူဆယ်ဆွေးနွေးပွဲ ရလဒ်ကောင်းခဲ့ပြီး မေလတတိယပတ်တွင်ထပ်မံတွေ့ဆုံကြမည်

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းတိုင်းရင်းသား လက် နက်ကိုင်လေးဖွဲ့တို့ မူဆယ်မြို့၌ပြုလုပ် ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ရလဒ်ပိုင်း တိုးတက်မှုရှိခဲ့ပြီး မေလ တတိယပတ်၌ ပြန်လည်ဆွေးနွေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်မှ သိရသည်။ မူဆယ်မြို့ရှိ မူဆယ်-နမ့်ခမ်း ကုန်သည်များ အသင်းအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သော ထိုဆွေးနွေးပွဲသည် သုံးနာရီကြာမြင့်ခဲ့ပြီး အစိုးရနှင့် ကချင်လွတ် မြောက်ရေးအဖွဲ့ချုပ် (KIO)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)နှင့် ရခိုင် အဖွဲ့ (AA) တို့အကြားဆွေးနွေးခဲ့ခြင်းဖြစ် သည်။

"ဆွေးနွေးပွဲကတော့ အပြုသဘောဆောင် ပြီး ကောင်းမွန်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲမှာ တိုးတက်မှုတွေအများကြီး ရှိပါတယ်။ ဒီနေ့ကတော့ ကျွန်တော်တို့သဘော ထားစုစည်းခံယူချက်ကတော့ မေလတတိယ ပတ်မှာ ပြန်လည်ပြီးတော့ဆုံတွေ့ကြဖို့ နှစ်ဖက် သဘောထားစုစည်းလို့ ရပါတယ်"ဟု ငြိမ်းချမ်း ရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောဆိုသည်။

အင်န်စီအေလက်မှတ်မထိုးခင် ပဏာမ သဘောတူညီချက်တစ်ခုရရှိရေး ဆွေးနွေးခဲ့ ကြပြီး အစိုးရဘက်က အင်န်စီအေလမ်းပြမြေပုံ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေးအပေါ် သဘော ထားနှင့် အချိန်အကန့်အသတ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် မြောက်ပိုင်းအဖွဲ့များအကြား တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း အစိုးရ နှင့် အင်န်စီအေလက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့ နေပြည် တော်တွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး