အေအေနှင့် ဆက်နွှယ်သံသယဖြင့် ဖမ်းဆီးထားသူများ လက်နက်လုရန် လုပ်ဆောင်၍ပစ်ခတ်ခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ထား

အေအေနှင့် ဆက်နွှယ်သံသယဖြင့် ဖမ်းဆီးထားသူများ လက်နက်လုရန် လုပ်ဆောင်၍ပစ်ခတ်ခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ထား

အေအေအဖွဲ့က အရပ်သားအသွင်ဆောင်ကာ ဝင်ရောက်လှုပ်ရှားလျက်ရှိသော ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ သံသယရှိသူ ၂၇၅ ဦးကို ဖမ်းဆီးထားရာ ၎င်းတို့က ရန်လိုသောအပြုအမူဖြင့် အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်း ကြောင့် မလွှဲမရှောင်သာ၍ ပစ်ခတ်ခဲ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၂ ရက်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအား ကျေးရွာစာသင်ကျောင်းတွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားခဲ့ပြီး စုံစမ်းစစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခေတ္တထိန်းသိမ်းထားရှိသည့် လူအုပ်သည် မေ ၂ ရက် နံနက် ၂ နာရီခန့်တွင် ငြာသံပေးအော်ဟစ်ပြီး ရန်လိုသောအပြုအမူများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်း အကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းနှင့် အချို့မှာ အရပ်မျက်နှာအသီးသီးသို့ အုပ်စုဖွဲ့ ပြေးထွက်ခြင်းများ ဆောင်ရွက်လာခဲ့ကြောင်း၊ လုံခြုံရေးကင်းအဖွဲ့များက အော်ဟစ်တားဆီး ၍ သေနတ်ဖြင့် မိုးပေါ်ထောင်ဖောက်ကာ သတိပေးပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ အန္တရာယ်ပေး မည့်အပြုအမူများဖြင့် ဆက်လက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်များလုယူရန်ကြိုးပမ်းလာခြင်းများကို ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုင်ဆောင်သည့် လက်နက်ခဲယမ်း များကို လုယူခြင်းမှ ကာကွယ်ခုခံရန်အတွက် လိုအပ်သည့်အင်အားကိုသာအသုံးပြု၍ ယင်းအစုအဝေးအား မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်းလူစုခွဲခြင်းများ ပြုလုပ်ခဲ့ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆေးကုသမှုခံယူ

အခြေအနေအား ပြန်လည်ထိန်းသိမ်းခဲ့ရသောကြောင့် မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးအနက်ခြောက်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိကာ လေးဦးပျောက်ဆုံးလျက်ရှိ ကြောင်း၊ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးအဖွဲ့များဖြင့် ရှေးဦးဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ စေတီပြင်တိုက်နယ်ဆေးရုံမှတစ်ဆင့် စစ်တွေပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး