နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်း ကျပ်ငါးဘီလီယံကျော်ဖိုး သိမ်းဆည်းထား

နယ်စပ်မှ တရားမဝင်ကုန်ပစ္စည်း ကျပ်ငါးဘီလီယံကျော်ဖိုး သိမ်းဆည်းထား

နယ်စပ်ဒေသမှ တရားမဝင်တင်သွင်း လာသည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရာတွင် တန်ဖိုးငွေကျပ် ၅ ဒသမ ၁၄၅ ဘီလီယံ အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း နေပြည်တော်ရှိ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ မေ ၂ရက် နံနက်ပိုင်းက ကျင်းပခဲ့သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ နဝမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်း များ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် အထူးအဖွဲ့ များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လအထိ ဖမ်းဆီးအရေးယူမှု ၄၃၆ ကြိမ်၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၅ ဒသမ ၁၄၅ ဘီလီယံဖိုးဖမ်းဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ သည်။

ပြန်ကြားပေးခဲ့

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးကြီးသောအခန်းကဏ္ဍ၌တည် ရှိပြီး အဆိုပါကုန်သွယ်မှုကဏ္ဍတွင် ပုဂ္ဂလိက ကဏ္ဍသည် ရာခိုင်နှုန်း ၈၀ နှင့် ရာခိုင်နှုန်း ၉၀ အကြားပါဝင်နေသည်။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အထောက်အကူပြုနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများ ကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလအထိ ၂၆ ကြိမ် တွေ့ဆုံခဲ့ပြီး ၂၅ ကြိမ်အထိ စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း ၃၃၉ ချက်ကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင် များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ် ကြောင်းသိရသည်။

တိုးတက်မှုနှေးကွေး

ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သည့်ကဏ္ဍအလိုက် အကောင် အထည်ဖော်ရာတွင် အချို့အချက်များသည် တိုးတက်မှုနှေးကွေးသည်ကို တွေ့ရှိရသည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ တိုးတက်မှု မြန်ဆန်လာအောင် အလေးထားဆောင်ရွက် သွားကြရန် ဒုတိယသမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော် မတီအစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ် အတွင်း လေးကြိမ်၊ ၂၀၁၈ ခုနှစ်အတွင်း သုံးကြိမ်နှင့် ယခုအကြိမ်သည် ၂၀၁၉ ခုနှစ် အတွင်းတွင် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်။

တာဝန်ရှိသူများတက်ရောက်

အစည်းအဝေးကို ဒုတိယသမ္မတအပါအဝင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဦးဝင်းခိုင်၊ ဦးအုန်းမောင်၊ ပြည်ထောင် စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင် ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီငါးရပ်မှ ဥက္ကဋ္ဌ များနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး