၂၀၁၉ ခုနှစ် သင်္ကြန်ကာလက ချင်းတွင်းမြစ်အတွင်း လူသေဆုံးခဲ့ရသော စက်လှေနစ်မြုပ်မှု မှ တိမ်းရှောင်နေသူ စက်လှေမောင်းကို မေ ၄ ရက်က ဖမ်းမိပြီဖြစ်ကြောင်း မုံရွာမြို့မရဲစခန်းမှူးထံမှ သိရသည်။
တိမ်းရှောင်နေသူစက်လှေမောင်းသည် ၎င်း၏ရွာသို့ပြန် ရောက်နေကြောင်း မေ၄ရက်မွန်းတည့် ၁၂ နာရီခန့်တွင် သတင်းရသဖြင့် သက်ဆိုင်ရာက ဆားလင်းကြီးမြို့နယ် ရွာရှည် အမှတ်(၃)ရပ်ကွက်သို့သွားရောက် စုံစမ်းရှာဖွေရာ ညနေ(၄)နာရီတွင် စက်လှေမောင်းသူတင်ဝင်းအား ဖမ်းဆီးရမိခြင်းဖြစ်သည်။
လူအနည်းငယ်သာတင်နိုင်သောစက်လှေတွင် လူ(၄၀)နီးပါးကိုတင်ဆောင်၍အများစုသည် မုံရွာမြို့ ချင်းတွင်း သင်္ကြန်သို့လာစဉ် မုံရွာဆိပ်ကမ်းမရောက်မီ နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ဆားလင်းကြီးမြို့နယ် ရွာရှည်ရွာနေ တင်ဝင်းကို မုံရွာမြို့မရဲစခန်းက(ပ)၈၂၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ၂၈၀/၃၀၄-ကဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

















