ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် မိုးအောင်ရင် ပါဝင်

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် သရုပ်ဆောင် မိုးအောင်ရင် ပါဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးကအမိန့်အမှတ်၊ ၁၆ / ၂၀၁၉ဖြင့်ယနေ့ မေ၇ရက်နေ့တွင် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် မိုးအောင်ရင်လည်းပါဝင်ခဲ့သည်။

''ကျနော်တို့မိသားစုရဲ့ အိပ်မက်ဆိုးကြီးကနေဒီနေ့လွပ်မြောက်ပါပြီခင်ဗျာ။လွပ်မြောက်ခွင့်ရရှိဖို့အတွက် သမ္မတကြီးနဲ့တကွတာဝန်ရှိသူလူကြီးမင်းများအားလုံး၊ စိတ်ပူပြီး ဆုတောင်းမေတ္တာပို့သပေးကြသူများအားလုံး၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ကျနော်တို့မိသားစုကိုစောင့်လျှောက်ဖေးမကူညီကြသူများအားလုံးကိုရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ''ဟု မိုးအောင်ရင်၏ဖခင်ဖြစ်သူအဆိုတော်အောင်ရင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ပြောကြားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး (၄) တရားခွင်တွင် အမှုအမှတ် ၂၇၀/၂၀၁၆၊ဖြင့် မိုးအောင်ရင်ပါသုံးဦးကို လက်ခံစစ်ဆေးခဲ့ပြီး မိုးအောင်ရင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ပုဇွန်တောင်မြို့နယ်တရားရုံးက မိုးအောင်ရင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅ အရ ထောင်ဒဏ် (၃)နှစ်၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ) အရ ထောင်ဒဏ် (၅) နှစ်၊ယင်းပြစ်ဒဏ်နှစ်ရပ်အား တစ်ပေါင်းတည်းကျခံစေရန် မြို့နယ်တရားသူကြီးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး