မူးယစ်ရမ်းကားသူက ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့်ပစ်

မူးယစ်ရမ်းကားသူက ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့်ပစ်

မူးယစ်ရမ်းကားသူက ရဲတပ်ဖွဲ့ကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်မှု ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

မေ ၅ ရက် ည ၉ နာရီခွဲခန့်တွင် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ (၂) ရပ်ကွက်နေ ဇင်မင်းထိုက် (ခ) တာတီဖိုး ၄၀ နှစ်သည် မူးယစ်ရမ်းကားနေကြောင်း သတင်းအရ ကမမောင်း နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ ဦးစီးသည့်ပူးပေါင်းအဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့သည်။

ထိုသို့ထိန်းသိမ်းရန်ဆောင်ရွက်နေစဉ် ၉၁ အမျိုးအစား လက်ပစ်ဗုံးကို လုံခြုံရေးပင်ဖြုတ်၍ ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက လုံးထွေးဖမ်းဆီးခဲ့ရသည်။

ကမမောင်းနယ်မြေရဲစခန်းက (ပ)၇ /၁၉၊ပြစ်မှုပုဒ်မ ၃၀၇/၃၅၃ အရလည်းကောင်း၊ (ပ)၈/၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရလည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားသည်။