ဆွဲကြိုးဖြုတ်သည့်သားကို အုပ်ချုပ်ရေးမှူးထံတိုင်သည့်မိခင် ဓားဖြင့်အထိုးခံရပြီးသေဆုံး

ဆွဲကြိုးဖြုတ်သည့်သားကို အုပ်ချုပ်ရေးမှူးထံတိုင်သည့်မိခင် ဓားဖြင့်အထိုးခံရပြီးသေဆုံး

ရွှေဆွဲကြိုးဖြုတ်ယူသည့်သားကို အုပ်ချုပ်ရေးမှူးထံတိုင်ကြားခဲ့သည့်မိခင် ဓားဖြင့် အထိုးခံရပြီးသေဆုံးမှု မကွေးမြို့တွင် ဖြစ်ပွားခဲ့သည်။
 

မေ၆ရက် ညနေ ၄ နာရီခန့်က မြို့သစ်မြို့ ပြည်သူ့ဆေးရုံသို့ ဓားထိုးခံရသည့် အမျိုးသမီးတစ်ဦး၏အလောင်းရောက်နေကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ အိုင်မကျေးရွာအုပ်စု၊ အုတ်ပုံရေလယ်ကျေးရွာနေ ဒေါ်မာရှိန် ၄၀ နှစ် ဖြစ်ပြီးထိုးသွင်းဒဏ်ရာရရှိသေဆုံးနေသည်ကို သက်ဆိုင်ရာက တွေ့ရှိခဲ့သည်။

မေ ၅ ရက်ညပိုင်းတွင် သားဖြစ်သူ နေလင်းအောင် ၂၅ နှစ်က မိခင်ဒေါ်မာရှိန်ထံမှ ဆွဲကြိုးဖြုတ်ယူခဲ့သည်ကို မိခင်ကကျေးရွာအုပ်ချုပ်ရေးမှူးထံတိုင်ကြားသဖြင့် မကျေမနပ်ဖြစ်ကာ သားအမိ ချင်း စကားများရန်ဖြစ်ခဲ့ပြီး နေလင်းအောင်က ဓားဖြင့်ထိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဒေါ်မာရှိန်၏ပေါင်တွင် ဓားဒဏ်ရာရရှိပြီးဆေးရုံသို့တင်ပို့စဉ် သွေးလွန်သေဆုံးခဲ့သောကြောင့် နေလင်းအောင်ကို အရေးယူပေးရန်တိုင်ကြားခဲ့ပြီး မြို့သစ်မြို့မရဲစခန်းက(ပ)၂၂၃/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။