တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် အိမ်နံရံ၌ ချိတ်ဆွဲထားသည့် တူမီးသေနတ်ကိုခုနစ်နှစ် အရွယ် ကလေးငယ်က ယူဆော့ရာမှ ယမ်းထွက်ကာ အစ်မဖြစ်သူ ဒဏ်ရာရရှိခဲ့မှု မေ ၆ ရက်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၇ နာရီခန့်တွင် တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့ ကျားခမ်းကျောက် ကျေးရွာအုပ်စု ကျခမ်းဆောင်ကျေးရွာနေ မောင်-----(၇ နှစ်)သည် အမြင့် (၅)ပေခန့်ရှိ အိမ်နံရံ၌ ချိတ် ဆွဲထားသည့် တူမီးသေနတ်ကိုဖြုတ်ယူကာ ဆော့ကစားခဲ့သည်။
ထိုသို့ ဆော့ကစားရာ တူမီးသေနတ်အတွင်း ယမ်းမရှိဟု ထင်မှတ်ကာ မောင်းခလုတ်ကို ဆွဲ လိုက်ရာမှ အနီးတွင် ရပ်နေသည့် ၎င်း၏ အစ်မဖြစ်သူ မ---- ၉ နှစ် ကို ထိမှန်သွားခဲ့သည်။
မ----၏ ယာဘက်ရင်အုံတွင် ပေါက်ပြဲဒဏ်ရာရရှိသွား၍ ကျိုင်းလပ်ဆေးရုံမှ တစ်ဆင့် တာချီလိတ်ပြည် သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရသောကြောင့် ကျိုင်းလတ်နယ်မြေရဲစခန်းက (ပ)၂/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၈ အရအမှုဖွင့် အရေးယူထားသည်။

















