၆ နှစ်ကလေးကို ၁၈နှစ်အရွယ်ခဲအိုဖြစ်သူက သားမယားပြုကျင့်

၆ နှစ်ကလေးကို ၁၈နှစ်အရွယ်ခဲအိုဖြစ်သူက သားမယားပြုကျင့်

အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၁၈ နှစ်အရွယ် ခဲအိုတော်စပ်သူက သားမယားပြုကျင့်ခဲ့မှုကို သက်ဆိုင်ရာက မေ ၇ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပဲခူးမြို့ရွှေမော်ဓောစေတီ ဘုရားရင်ပြင်တော် အရှေ့ မြောက်ထောင့်ရှိ ကိုးနဝင်းစေတီနောက်ဘက် ဂိုဒေါင်အနီး အမျိုးသားတစ်ဦးက ကလေးငယ်တစ်ဦးကို သားမယားပြုကျင့်နေကြောင်း သတင်းအရ လုံခြုံရေးမှူး ဦးလှိုင်မြင့်က သွားရောက် စစ်ဆေး ခဲ့သည်။

ထိုသို့သွားရောက်စစ်ဆေးစဉ် အမျိုးသားတစ်ဦးက အသက် ၆ နှစ်အရွယ် ကလေးငယ်ကို လက်ဆွဲကာ အဆိုပါ ဂိုဒေါင်နောက်မှထွက်လာသည်ကို တွေ့ရှိသဖြင့် မေးမြန်းခဲ့ရာ သနပ်ပင်မြို့နယ်နေ နိုင်ဇင်အောင်(၁၈ နှစ်)ဖြစ်ပြီး အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်မှာ ၄င်း၏ ခယ်မတော်စပ်သူ ဖြစ်ကြောင်းပြောပြသိရှိခဲ့သည်။

၄င်းတို့နှစ်ဦးကို ဘုရားလုံခြုံရေးအဖွဲ့နှင့် ဂေါပကအဖွဲ့တို့က ဆက်လက်စစ်ဆေးရာ နိုင်ဇင်အောင်က အမျိုးသမီးငယ်ကို သားမယားအဖြစ်ပြုကျင့်ကြောင်း အမျိုးသမီးငယ်၏ ပြောပြချက်အရသိရသဖြင့် အရေးယူပေးရန်သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ပဲခူးမြို့မရဲစခန်းက (ပ)၁၃၄၇/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားသည်။