နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက်နှစ်ဦး လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေး ပြောဆိုခဲ့

နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက်နှစ်ဦး လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေး ပြောဆိုခဲ့

နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေ ၇ ရက်က လွိုင်ကော်မြို့၌ သတင်းထောက်များအား ပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေး

ကယားပြည်နယ် လွိုင်ကော်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ငြိမ်း ချမ်းရေးဆွေးနွေးမှုပြုလုပ်ခဲ့ပြီး နောက်တစ်ရက် မေ ၇ ရက်၌ နေပြည်တော်သို့ ပြန်မရောက်မီ ဦးဇော်ဌေးက သတင်းထောက်များအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကျော်စိုးဦးနဲ့ ဝလုံးတို့ သမ္မတရဲ့ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်မှာပါပါတယ်။ သူတို့ဘက်ကလည်း ပြီးခဲ့တဲ့ မဏ္ဍိုင်လေးရပ်အစည်းအဝေး မှာ သူတို့မိသားစုဝင်တွေကနေပြီးတော့ စာပို့ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ လည်းပို့တယ်။ နိုင်ငံတော်သမ္မတဆီလည်းပို့တယ်။ ပို့လာတဲ့အပေါ်မှာ လူကြီးတွေက နိုင်ငံ တော်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်လိုက် တာပါ"ဟု ဦးဇော်ဌေးက ပြောဆိုသည်။

တတိယအကြိမ်လွတ်ငြိမ်းသက်သာခွင့်

ထို့အပြင် နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက်လွတ်ငြိမ်း သက်သာခွင့်တွင်ပါဝင်သည့် အကျဉ်းသား ၆၅၂၀ အနက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ဖမ်းဆီးခံထားရသည့် အကျဉ်းသားများလည်း ပါဝင်ကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး

အင်န်စီအေ လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့နှင့် အင်န်စီအေ မထိုးသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့မှ အဖွဲ့ဝင်၂၃ ဦးပါဝင်ခဲ့ခြင်းဖြစ် သည်။ ၎င်းတို့အား လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး