လာမည့်နှစ်နွေရာသီ လျှပ်စစ်ဓာတ်အား ပြတ် တောက်မှု မဖြစ်ပေါ်စေရန်အတွက် ပင်လယ်ဆိပ် ကမ်းမြို့ရှစ်မြို့မှတစ်ဆင့် လျှပ်စစ်မီးပေးသည့် သင်္ဘော ကြီးများဖြင့်ပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာအတွင်းဆောင် ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် ရှင်းလင်းပွဲ၌ပြော ဆိုသည်။
မဂ္ဂါဝပ် ၁၄၀ဝ လောက်
"ဂက်စ်အင်ဂျင်တွေကို Power Barge နဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးတွေမှာ၊ အနီးဆုံးမြို့လေး တွေမှာရပ်ပြီးတော့ အဲဒီကနေတစ်ခါတည်း သူ့ပေါ်မှာ အကုန်ပါပြီးသားပါ။ ထရန်စဖော်မာတွေရောပါပြီး သား။ လိုင်းခွဲရုံကို ချိတ်ဆက်တဲ့နည်းနဲ့ အမြန်ဆုံးပေး တဲ့ဟာကို တင်ဒါခေါ်ဖို့ စတင်ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်အမီ ကျွန်တော်တို့ဘက်က အမြန်ဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရင် နေရာ ရှစ်နေရာလောက်မှာ မဂ္ဂါဝပ် ၁၄၀ဝ လောက်ရအောင် စီမံချက်ချ ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်မှာ ဒီလိုမဖြစ်ရအောင် ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောဆိုသည်။
နည်းလမ်းတစ်ခုသာ
လာမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီအမီ ဓာတ်အား ဖူလုံရန်အတွက် ယခုနည်းလမ်းတစ်ခုသာရှိတော့ ကြောင်းနှင့် လျှပ်စစ်ဓာတ်အား အမြောက်အမြား ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်စက်ရုံများကို တည်ဆောက်မည်ဆိုပါက ရှစ်နှစ်ခန့် အချိန်ပေးရ မည်ဖြစ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးသည့် ဂက်စ်သင်္ဘောများဖြင့် မီးပေးရန် စီမံရခြင်းဖြစ် ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ခွင့်ပြုချက်တောင်းခံ
ယင်းသို့ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတထံသို့ တင်ပြခွင့်ပြုချက်တောင်းခံထား ကြောင်း သိရသည်။
လက်ရှိရက်ပိုင်းများအတွင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၇၀ဝ မှ ၈၀ဝ ခန့်အထိ ထုတ်လုပ်နေရကြောင်း၊ ဓာတ်အားမလုံ လောက်မှုပြဿနာကို လာမည့် ဇွန်လအလယ်ပိုင်း မုတ်သုံဝင်ရောက်လာချိန်အထိ ခံစားရမည်ဖြစ်ပြီး မုတ်သုံဝင်ရောက်လာမှ ရေအားလျှပ်စစ်စက်ရုံများ ပုံမှန်လည်ပတ်နိုင်ကာ အခက်အခဲများ ကျော်လွှား နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
















