ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ တရားဝင်အလုပ်သဘော ခရီးသွားရောက်ရန်နှင့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားတက်ရောက် ရန် မေ ၁၀ ရက်က နေပြည်တော်မှထွက်ခွာ ခဲ့ရာ ဒေသစံတော်ချိန် ညနေ ၃နာရီ ၁၀မိနစ်၌ ဟနွိုင်းမြို့သို့ရောက်ရှိခဲ့သည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်သမ္မတဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံ သိပ္ပံနှင့်နည်း ပညာဝန်ကြီး H.E. Mr. Chu Ngoc Anh၊၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးMrs. Luan Thuy Duong၊ ဗီယက်နမ်ဗုဒ္ဓ သံဃအဖွဲ့ အမြဲတမ်းဒုတိယဥက္ကဋ္ဌ Most. Ven.Thich Thanh Nhieu၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုး ဝင်း၊ စစ်သံမှူးဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများက သြင ြငေ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
လမ်းညွှန်မှာကြား
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး တို့သည် ဟနွိုင်းမြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်သို့ရောက်ရှိပြီး ဟနွိုင်းမြို့ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ သံရုံးဝန်ထမ်းများ၊ မိသားစု ဝင်များနှင့်တွေ့ဆုံကာ သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
















