လှိုင်သာယာမြို့နယ်တွင် နေအိမ်ပြတင်းပေါက်တံခါးဖွင့်အိပ်စဉ် ဘေးချင်းကပ် အဆောင်နေသူက သားမယားပြုကျင့်ခဲ့မှုကို မေ ၁၂ ရက်တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
မေ ၁၁ ရက်ည ၁၀ နာရီခွဲတွင် လှိုင်သာယာမြို့နယ်နေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးသည် ပူအိုက်သဖြင့် အိမ်နောက်ဖေးပြတင်း တံခါးကိုဖွင့်ကာအိပ်ခန်းအတွင်း အိပ်ရာဝင်ခဲ့သည်။
နံနက် ၂ နာရီခွဲတွင် ၄င်း၏ခြေထောက်ကို တစ်ယောက်ယောက်ကလက်ဖြင့် ထိကိုင်နေသဖြင့် အိပ်ရာမှလန့်နိုးပြီး ကြည့်လိုက်ရာဘေးချင်းကပ် အဆောင်နေထိုင်သူ အောင် ကျော်စိုး(ခ)ကတုံးဖြစ်နေသည်ကိုတွေ့ရှိရသဖြင့်အော်ရန်ပြုလုပ်စဉ်မအော်နဲ့အော်ရင်သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုကာ နာရီဝက်ခန့် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ပြတင်းပေါက်မှ ထွက်ပြေးသွား ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာက အောင်ကျော်စိုး(ခ) ကတုံး(၂၄ နှစ်)ကို ဖမ်းဆီးခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းက (ပ)၂၈၆၆/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

















