ကျိန်းသေအနိုင်ကန်မယ့် ဘိုင်ယန်မြူးနစ်

ကျိန်းသေအနိုင်ကန်မယ့် ဘိုင်ယန်မြူးနစ်

ဘာဗေးရီးယန်းသားတွေ နောက်ဆုံးပွဲစဉ်ကို အနိုင်ကန်ထားမှသာ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။ ပွဲစဉ် (၃၄) ကို တစ်ရက်တည်း၊ တစ်ချိန်တည်း ကစားကြရမှာပါ။ ပြီးခဲ့တဲ့ ပွဲစဉ် (၃၃) ကို ပြန်ကြည့်ရင် ဒေါ့မွန်၊ စတုဂတ်၊ အော့စ်ဘတ်၊ ဟန်နိုဗာ၊ မွန်ချင်ဂလက်ဘတ် ပွဲတွေက နှစ်သင်းပေါင်းသွင်းဂိုးများတဲ့ပွဲတွေဖြစ်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ ဒီရာသီကန့်လန့်ကာအချ ပိတ်သိမ်းချိန်မှာ ဘယ်လိုအံ့သြစရာအဖြစ်အပျက်တွေနဲ့ ကြုံတွေ့၊ မြင်တွေ့ကြရဦးမလဲ ဆိုတာကိုတော့...

ဘိုင်ယန်မြူးနစ် − ဖရန့်ဖတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ဝ−၃ ဘိုင်ယန်မြူးနစ်

ဘာဗေးရီးယန်းသားတွေဟာ ဒေါ့မွန် ဘယ်လိုပဲအဖြေထွက်ပါစေ၊ သူတို့ဟာ သူတို့ရဲ့ အလုပ်က ဖရန့်ဖတ်ကို အနိုင်ကန်ဖို့ပါပဲ။ လိုက်ပဇစ်နဲ့ပွဲတုန်းက ဂိုးမပေးခဲ့တာကို အူလီဟိုးနက်စ်က ပြက်ရယ်ပြုထားပါတယ်။ ဘယ်လိုအခြေအနေတွေပဲရှိပါစေ။ ဘိုင်ယန်ကျိန်းသေအနိုင်ကန်မယ့်ပွဲပါ။

မွန်ချင်ဂလက်ဘတ် − ဒေါ့မွန်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၂−၁ ဂလက်ဘတ်

အဝါရောင်တပ်သားတွေကလည်း အနိုင်ကန်ထားရမှာပါပဲ။ မွန်ချင်က လေဗာကူဆင် နဲ့အပြိုင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ အတွက် တိုက်ပွဲဝင်နေတာမို့ သူတို့ကလည်း အမှတ်ခွဲလိုချင်မှာပါ။ ဒါကြောင့် ဒီပွဲစဉ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တစ်ခုဖြစ်လာ နိုင်ပြီး ဒေါ့မွန်ပဲ အနိုင်ရပါလိမ့်မယ်။

ဝါဒါဘရီမင် − လိုက်ပဇစ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ၃−၂ ဝါဒါဘရီမင်

ဝါဒါဘရီမင်တိုက်စစ်မှူးပစ်ဇာရိုက ဘိုင်ယန် ခြေချော်နေချိန်မှာ ကျန်တဲ့အသင်း တွေက အခွင့်အရေး မယူနိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ပထမအကျော့ရှုံးကြွေးကို ဝါဒါ ဘရီမင် ပေးဆပ်မှာဖြစ်ပြီး နှစ်သင်းပေါင်း သွင်းဂိုးလည်း များပါလိမ့်မယ်။

မိန့်ဇ် − ဟော့ဖန်ဟိမ်း

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၁−၁ မိန့်ဇ်

ဟော့ဖန်ဟိမ်းဟာ ဖရန့်ဖတ်၊ ဝုဖ်ဘတ် တို့နဲ့အပြိုင် ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကို လုနေပါတယ်။ ဟော့ဖန်ဟိမ်း ကွင်းလယ်လူ ဒီဗာဘေးကိုတော့ လေဗာကူဆင်က ခေါ်ယူသွားခဲ့ပါပြီ။ ဟော့ဖန်ဟိမ်းပဲ အနိုင်ရသွားဖို့ များနေပါတယ်။

ဒူဆယ်လ်ဒေါ့ဖ်− ဟန်နိုဗာ

တနင်္ဂနွေ၊ ည ၁ဝး၃ဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဟန်နိုဗာ ဝ−၁ ဒူဆယ်လ်ဒေါ့ဖ်

ဟန်နိုဗာက တန်းဆင်းသွားရပါပြီ။ ဖိအားမရှိတဲ့ ဒူဆယ်လ်ဒေါ့ဖ်နဲ့ပဲ လက်တွဲ သင့်ပါတယ်။

ရှော်လ်ကေး − စတုဂတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ စတုဂတ် ၁−၃ ရှော်လ်ကေး

စတုဂတ်က တန်းမဆင်းရဖို့ Play-Off ကစားရမှာပါ။ ရှော်လ်ကေးက နည်းပြသစ် ဒေးဗစ်ဝက်ဂ်နာကို ခန့်အပ်ထားပါတယ်။ ဂယ်လ်ဆင်ကာချန်မှာ ရှော်လ်ကေး အနိုင် ရဖို့များနေပြီး နှစ်သင်းပေါင်း သွင်းဂိုး အများပါ။

ဟာသာဘာလင်​ − လေဗာကူဆင်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၃−၁ ဟာသာဘာလင်

လေဗာကူဆင်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် မွန်ချင်ဂလက်ဘတ်နဲ့ ပြိုင်ဆိုင်နေရပါတယ်။ ဟာသာဘာလင် ကွင်းလယ်လူ ဒူဒါဟာ အသင်းအတွက် ၁၁ ဂိုး သွင်းယူပေးထားပါတယ်။ ချန်ပီယံလိဂ်အတွက် ပြိုင်ဆိုင်နေရတဲ့ လေဗာကူဆင်ကို ရွေးပါမယ်။

ဖရိုင်းဘတ် − နူရင်ဘတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ နူရင်ဘတ် ဝ−၁ ဖရိုင်းဘတ်

နူရင်ဘတ်က တန်းဆင်းသွားခဲ့ရပြီဖြစ်ပါ တယ်။ ဖရိုင်းဘတ်ကလည်း ဘာဖိအားမှ မရှိ ပါဘူး။ သာမန်ပဲကစားကြပါလိမ့်မယ်။ သရေပွဲဖြစ်သွားရင် သိပ်ပြီးအံ့သြမနေပါနဲ့။

ဝုဖ်ဘတ် − အော့စ်ဘတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၂−၃ ဝုဖ်ဘတ်

ဝုဖ်ဘတ်ဟာ ဖရန့်ဖတ်၊ ဟော့ဖန်ဟိမ်းတို့နဲ့အတူ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာ အတွက် အပြိုင်တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ အော့စ်ဘတ်က ဘာမှမဖြစ်သလို ဖိအားလည်း မရှိပါဘူး။ ဝုဖ်ဘတ်ကို အနိုင် ပေးချင်ပြီး နှစ်သင်းပေါင်း သွင်းဂိုးများနိုင်ပါ တယ်။



ဖတ်ရှုမှုအများဆုံး