ရေလယ်ကျွန်းပေါ်တွင် သေနတ်ကိုင်ရမ်းကားသူသုံးဦးကို လှည့်ကင်းအဖွဲ့ ဖမ်းဆီး

ရေလယ်ကျွန်းပေါ်တွင် သေနတ်ကိုင်ရမ်းကားသူသုံးဦးကို လှည့်ကင်းအဖွဲ့ ဖမ်းဆီး

မြဝတီမြို့ ရေလယ်ကျွန်းပေါ်တွင် သေနတ်ကိုင်ရမ်းကားသူ သုံးဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့သည်။

ဖြစ်စဉ်မှာ မေ ၁၈ ရက် ည ၁၁ နာရီခွဲတွင် မြဝတီရေလယ်ကျွန်းပေါ်၌မြင့်ဆွေ(ခ)ရွှေဘ တို့အဖွဲ့  သေနတ်ကိုင်ရမ်းကားနေကြောင်းသတင်းအရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့က အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် မြဝတီမြို့ ရေလယ်ကျွန်းအမှတ် ၁ နေ မြင့်ဆွေ(ခ)ရွှေဘ(၅၅ နှစ်)၊ သန်းနိုင်(၃၈ နှစ်)၊ အောင်အောင်(ခ)ကော်ဗူး (၂၈ နှစ်)တို့ကို တွေ့ရှိသဖြင့် ရှာဖွေခဲ့သည်။

မြင့်ဆွေ(ခ)ဘရွှေ နှင့် အောင်အောင်(ခ)ကော်ဗူးတို့ လွယ်ထားသည့် လွယ်အိတ်များအတွင်းမှ လက်ကိုင်ဖုန်းတစ်လုံးစီတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

မြင့်ဆွေ (ခ)ရွှေဘကိုင်ဆောင်ရမ်းကားခဲ့သောသေနတ်နှင့်ပတ်သက်၍ စုံစမ်းရာ ရေလယ်ကျွန်း ပေါ်ရှိ တဲအနီးခြုံအတွင်း ဝှက်ထားကြောင်း ပြောပြသိရသဖြင့် အဆိုပါခြုံအတွင်းမှ ၉မမကျည် ခြောက်တောင့်ပါကျည်အိမ်တပ်ဆင်ထားသောMA-5 ပစ္စတိုသေနတ်တစ်လက်ကို သိမ်းဆည်းရမိ ခဲ့သည်။

မြဝတီမြို့မရဲစခန်းက(ပ)၆၆၀/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၉(စ) အရ အမှုဖွင့်အရေးယူထားသည်။