သမီးဖြစ်သူကို ခြိမ်းခြောက်ကာ သားမယားအဖြစ် ကြိမ်ကြိမ်ပြုကျင့်သူကို အရေးယူ

သမီးဖြစ်သူကို ခြိမ်းခြောက်ကာ သားမယားအဖြစ် ကြိမ်ကြိမ်ပြုကျင့်သူကို အရေးယူ

မှော်ဘီမြို့နယ်တွင် ဖခင်က သမီးဖြစ်သူကို ခြိမ်းခြောက်ကာ သားမယားအဖြစ်ကြိမ်ကြိမ်ပြုကျင့်ခဲ့မှုကို မိခင်ဖြစ်သူက တိုင်ကြားသဖြင့်သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့သည်။

မေ ၂၀ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် မှော်ဘီမြို့နယ် ဝါးနက်ကျေးရွာနေ ဒေါ်----က သက်ဆိုင်ရာသို့တိုင်ကြားရာ၌ ဧပြီလ နေ့ရက်မမှတ်မိသည့် အချိန်က အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူသည် ခန္ဓာကိုယ်အနေအထားမူမမှန်သဖြင့် စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိသဖြင့် မေးမြန်းခဲ့သည်ဟု ဆိုသည်။

ထိုသို့ မေးမြန်းရာ ဖခင်ဖြစ်သူ သန်းဇော်ဝင်း(ခ)ဖိုးသုန်(၃၈ နှစ်)က ယမန်နှစ် ဒီဇင်ဘာလမှ စတင်ကာ သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့သည်။

တိုင်ကြားသူ အမျိုးသမီးသည် ကျေးရွာအတွင်း ပဲပြုတ်ရောင်းချသူတစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မကြာခဏ ညဉ်းပန်းနှိပ်စက်သဖြင့် ကျေးရွာအတွင်းရှိ ခင်မင်သူများ၏ နေအိမ်များတွင် ညအိပ်ရှောင်တိမ်းနေရသူဖြစ်သည်။

ထိုသို့ရှောင်တိမ်းနေစဉ် သန်းဇော်ဝင်း(ခ) ဖိုးသုန် ကသမီးဖြစ်သူကို သားမယားအဖြစ် အကြိမ် ကြိမ်ပြုကျင့်ခဲ့ပြီး အခြားသူများကို ပြန်လည်ပြောဆိုပါက သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသဖြင့် မည်သူ့ကို မျှပြန်မပြောခဲ့ရခြင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန် သက်ဆိုင်ရာသို့တိုင်ကြားခဲ့ သည်။

မှော်ဘီမြို့မရဲစခန်းက (ပ) ၉၄၄/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားသည်။