ပညာရေးစနစ်မှန်ကန်ပါက အခြားနိုင်ငံများအား အချိန်တိုအတွင်း ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပညာရေးစနစ်မှန်ကန်ပါက အခြားနိုင်ငံများအား အချိန်တိုအတွင်း ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပညာရေးစနစ်မှန်ကန်ပါက အခြားနိုင်ငံများကို အချိန်တိုအတွင်း ရင်ပေါင် တန်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ ဆရာမများနှင့် မေ ၂၁ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တော်စေချင်

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၌ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် နေပြည်တော် ဒက္ခိဏ ခရိုင်၏ အခြေခံပညာအလယ်တန်းအဆင့်(သင်ရိုးသစ်) Grade-6 ခရိုင်အဆင့်ဆွေးနွေးပွဲသင်တန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် ခဲ့ခြင်းဖြစ်သည်။

အချိန်တိုအတွင်း

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေကြောင်း၊ ပညာရေးစနစ် မှန်ကန်လျှင် အခြားနိုင်ငံများအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းသားကျောင်းသူ များအား အခြားနိုင်ငံများမှ ကျောင်းသားကျောင်းသူများထက် တစ်မူ ထူးပြီး တော်စေချင်ကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် တော်စေချင်ကြောင်း၊ အဓိကကျ သည်မှာ ဆရာ ဆရာမများဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သင်ရိုးသစ်

ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် သင်ရိုးသစ် မူလတန်းအဆင့် ွု တန်းကို ၂၀၁၆-–၂၀၁၇ ပညာသင်နှစ်၌လည်း ကောင်း၊ Grade-1 ကို ၂၀၁၇-–၂၀၁၈ ပညာသင်နှစ်တွင်လည်းကောင်း၊ Grade-2 ကို ၂၀၁၈-–၂၀၁၉ ပညာသင်နှစ်၌လည်းကောင်း သင်တန်း များသင်ကြားပို့ချခဲ့ပြီး သင်ရိုးသစ် Grade -3 နှင့် အလယ်တန်း အဆင့် သင်ရိုးသစ် Grade-6 ကို ၂၀၁၉-–၂၀၂၀ ပညာသင်နှစ်တွင် လည်းကောင်း သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

နိုင်ငံချစ်စိတ်

သင်ရိုးသစ်နှင့် သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူ များ စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ်တိုးတက် လာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှမှု စိတ် ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုး တက်လာခြင်းတို့ ရရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး