နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်အရေး နောက်ဆုံးပေါ်အခြေအနေများ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်အရေး နောက်ဆုံးပေါ်အခြေအနေများ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်တို့သည် မေ ၂၇ ရက် ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်၏ နောက်ဆုံးပေါ်တိုးတက်မှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် အာဆီယံတို့အကြား ပူးပေါင်း ဆောင်ရွက်မည့် နယ်ပယ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ AHA Centre နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များပါဝင်သည့် အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN-ERAT) က ဆောင် ရွက်ခဲ့သည့် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာခြင်း (Preliminary Needs Assessment) ၏ လေ့လာတွေ့ရှိချက်များနှင့် ၎င်း၏အစီရင်ခံစာပါအကြံပြုချက်များ အကောင်အထည်ဖော် ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

တက်ရောက်ခဲ့

ထိုဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး