ဖုန်ကန်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ ရုပ်အလောင်းသည် မေ ၂၇ရက်ညနေပိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
"ရုပ်အလောင်းကို ပူတာအိုပြည်သူ့ဆေးရုံသို့သယ်ဆောင်ကာ ခွဲစိတ်စစ်ဆေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း Justice for Saint Htet လူမှုကွန်ရက်စာ မျက်နှာမှ တရားဝင်ကြေညာခဲ့သည်။ ပူတာအို မြို့နယ်တွင် မီးသင်္ဂြိုဟ်ကာ အရိုးပြာကို ရန်ကုန် သို့ ပြန်လည်သယ်ဆောင်မည်ဖြစ်ကြောင်း လည်း သိရသည်။
အတည်ပြု
မစိမ့်ထက်သည် ဧပြီ ၁၂ရက် The Summiter တောင်တက်အဖွဲ့နှင့် ကချင်ပြည် နယ် ဖုန်ကန်ရာဇီရေခဲတောင်တက်ခရီးစဉ် တွင် တောင်ပေါ်မှ ပြန်အဆင်းခြေချော်ပြုတ် ကျခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ သည် ဒုတိယအကြိမ်မြောက် ရှာဖွေကယ် ဆယ်ရေးခရီးစဉ်အတွင်း မေ ၂၅ ရက်က မစိမ့်ထက်၏ခန္ဓာကိုယ်ကို ပြန်လည်တွေ့ရှိ ခဲ့ပြီဖြစ်ကြောင်းကို မစိမ့်ထက်၏ မိသားစုဝင် များက အတည်ပြုခဲ့သည်။
















