ဒီရာသီ ဘွန်ဒက်စ်လီဂါဒုတိယတန်းမှာ ချန်ပီယံဖြစ်တဲ့ ကိုလုံး၊ ဒုတိယနေရာက ပက်ဒါဘွန်းတို့ တိုက်ရိုက်တန်းတက်လာခဲ့ကြပါတယ်။ သူတို့နှစ်သင်းစလုံးဟာ ဘွန်ဒက်စ်လီဂါနဲ့ စိမ်းတဲ့အသင်းတွေမဟုတ်လို့ လာမယ့် ၂ဝ၁၉-၂ဝ ဘောလုံးရာသီဟာ ဘွန်ဒက်စ်လီဂါအတွက် စိတ်ဝင်စားစရာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေဦးမယ့်ရာသီ ဖြစ်နေဦးမှာပါ။
ဆိတ်ထီးတစ်ကောင် သို့မဟုတ် ကိုလုံး
၁၉၄၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကိုလုံးအခြေ စိုက် ဂျာမန်ဘောလုံးကလပ်ဟာ အခု ၂ဝ၁၈-၁၉ ဘောလုံးရာသီမှာတော့ ဘွန်ဒက်စ်လီဂါကို တန်းပြန်တက်လာခဲ့ပါ ပြီ။ သူတို့ဟာ ကိုလုံးလို့အမည်နာမ မပေါ်ခင် ကိုလ်နာ၁၉ဝ၁ ကလပ်နဲ့ SPVGG07 ကလပ်နှစ်ခုကို ပေါင်းစုထားတဲ့ ကလပ်တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်စနိုးအမည်နာမက ဆိတ်ထီးဖြစ်ပါတယ်။ ဒါက သူတို့ကလပ်ရဲ့ လာဘ်ကောင်ရုပ်ကိုအစွဲပြုပြီး ရည်ညွှန်းခေါ်ဆိုကြတာဖြစ်ပါတယ်။ အဲဒီ လာဘ်ကောင်ရုပ်ဟာ ကိုလုံးမြို့ရဲ့ ကာနေဗယ်ပွဲတော်မှာ ဟာသတစ်ခုဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ သူတို့ ဟာ ကိုလုံးအားပေးသူအဖွဲ့ဝင် တစ်သိန်းကျော်ရှိပြီး ဂျာမနီမှာရှိတဲ့ အင်အားအကြီးမားဆုံး ကလပ်ထဲမှာ စတုတ္ထ မြောက် အကြီးမားဆုံး ရပ်တည်နေတဲ့ကလပ်ဖြစ်တယ် ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။
သမိုင်းကြောင်းလေးပြောကြည့်ရအောင်
သူတို့ဟာ ၁၉ဝ၁ ဇွန် ၆ ရက်ကတည်းက ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ ဘိုရုရှားကိုလုံးကလပ်ရဲ့ အရိပ်အောက်မှာ လွှမ်းမိုးခံခဲ့ရလို့ သူတို့ပရိသတ်တွေဟာ ပျော်ရွှင်မှုမရှိခဲ့ကြပါဘူး။ ပထမကမ္ဘာစစ်မတိုင်ခင် ၁၉၁၂ မှာဂျာမနီ အနောက်ပိုင်းဒေသရဲ့ ချန်ပီယံဖြစ်ခဲ့ဖူးပါသေးတယ်။ ၁၉၂ဝ လိဂ် ဖိုင်နယ်မှာ မွန်ချင်ဂလက်ဘတ်ကို ၁−၃ဂိုး ရလဒ်နဲ့ ရှုံးခဲ့တာကတော့ သူတို့အတွက် ကြေကွဲစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ကြမ်းတမ်းတဲ့ ခက်ခဲမှုမိုင်တိုင်တွေကို ဖြတ်သန်းပြီးတဲ့နောက် ၁၉၄၈ မှာတော့ FCကိုလုံး ဆိုတာကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ကြပါတယ်။
သူတို့ရဲ့ အောင်မြင်မှုများ
ဘွန်ဒက်စ်လီဂါမှာ နှစ်ကြိမ်ချန်ပီယံဖြစ်ဖူးတယ်ဆိုရင်မိတ်ဆွေအံ့သြနေမလားပဲ။ ၁၉၆၃−၆၄ ဘောလုံးရာသီနဲ့ ၁၉၇၇−၇၈ ဘောလုံးရာသီတွေပါ။ ဒုတိယ ငါးကြိမ်ရခဲ့ဖူး တယ်။ ဒါက ဘွန်ဒက်စ်လီဂါနဲ့ မစိမ်းတဲ့သဘောကို ပြသနေတာမဟုတ်ဘူးလား။ ဂျာမန်ပိုကယ်ဖလားလို့ လူသိများတဲ့ ဒီပြိုင်ပွဲမှာလည်း ဆိတ်ထီးတွေဟာ ၁၉၆၇−၆၈၊ ၁၉၇၆−၇၇၊ ၁၉၇၇−၇၈၊ ၁၉၈၂−၈၃ ရာသီတွေမှာ ချန်ပီယံ အဖြစ် ဗိုလ်စွဲခဲ့ဖူးတယ်။ ဒုတိယအနေနဲ့လည်း ခြောက်ကြိမ်ရပ်တည်နိုင်ခဲ့တယ်။ အဲဒီတော့ ၁၉၇၇−၇၈ ဘောလုံးရာသီ ဟာ ကိုလုံးအတွက် ထူးခြားတဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ ဘွန်ဒက်စ်လီဂါရော၊ ဂျာမန်ပိုကယ်ဖလားပါ ပြည်တွင်း ဖလားနှစ်လုံးစလုံးကို ရယူနိုင်ခဲ့လို့ပါပဲ။ ဥရောပအဆင့် အောင်မြင်မှုကတော့ ၁၉၈၅−၈၆ ဘောလုံးရာသီမှာ အဲဒီ တုန်းက UEFA ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့ခြင်းပါပဲ။
သူတို့ရဲ့ အနာဂတ်
ကိုလုံးမှာ U-17 ၊ U-19 သက်တမ်းအလိုက် သက်တမ်း ပြိုင်ပွဲတွေရှိတယ်။ ဒါဟာ လူငယ်တွေကို အခြေပြုတဲ့စနစ် လို့ တွေ့ရှိရတယ်။ အဲဒီမှာလည်း သူတို့ဟာ ၂ဝဝဝ ပြည့်နှစ်လွန်တွေမှာ အောင်မြင်မှုတွေ ရခဲ့တယ်။ ဒါကြောင့် အခု ဘွန်ဒက်စ်လီဂါ ၂ဝ၁၉−၂ဝ ဘောလုံးရာသီမှာ ဘယ်လိုတိုးဝှေ့ချွန်မြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ် တယ်။
မြောက်ပိုင်း ရိုင်းမြစ်နယ်သားများ (သို့မဟုတ်) ပက်ဒါဘွန်း
သူတို့ရဲ့ နာမည်အပြည့်အစုံက ပက်ဒါဘွန်း ဝ၇ ဖြစ်ပါ တယ်။ သူတို့ဟာ ဂျာမနီရဲ့ အထင်ကရဖြစ်တစ်ခုဖြစ်တဲ့ ရိုင်းမြစ်ရဲ့ မြောက်ပိုင်းဒေသမှာ အခြေစိုက်ထားတဲ့ ကလပ်တစ်ခုပါ။ ထပ်ပြီးပြောရရင် ဝက်စ်ဖာလီးယားဒေသရဲ့ အခြေခံကလပ်တစ်ခုပါပဲ။ သူတို့ဟာ ကနဦးအောင်မြင်မှု အဖြစ် ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကို တန်းတက်နိုင်ခဲ့ တယ်။ဒါပေမဲ့ ၂ဝ၁၃−၁၄ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ ပထမတန်းကို တန်းတက်လာနိုင်ခဲ့ပါပြီ။ ဒီရာသီမှာပဲ သူတို့နာကျင်စွာ ခံစားခဲ့ရတယ်။ မီးခိုးရောင်လှိုင်းလုံးတွေ ရိုက်ခတ်ခံခဲ့ရပြီး ဘွန်ဒက်စ်လီဂါဒုတိယတန်းကို တန်း ဆင်းခဲ့ရတယ်။ သို့ပေမဲ့လည်း ၂ဝ၁၈−၁၉ ဘောလုံးရာသီ မှာတော့ ဘွန်ဒက်စ်လီဂါကို တန်းပြန်တက်လာနိုင်ခဲ့ပြီ ဖြစ်တယ်။
မတူညီတဲ့အရာတွေကို ပေါင်းစပ်ခဲ့တဲ့ ပက်ဒါဘွန်း
၂ဝ ရာစုမှာကတည်းက မွေးဖွားခဲ့တဲ့ ပက်ဒါဘွန်းဟာ TUS Schloss ဘောလုံးကလပ်နဲ့ ပက်ဒါဘွန်း FC ကလပ် နှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
အပျော်တမ်းဘောလုံးအသင်းကာလ
ဖြတ်သန်းမှုအရ ၁၉၈၅ ကနေ ၂ဝဝ၅ အထိကို အပျော် တမ်း ဘောလုံးကလပ်တစ်ခုအနေနဲ့ပဲ သတ်မှတ်ကြပါ တယ်။ ၁၉၈ဝ ပြည့်လွန်နှစ်များမှာ ဝက်စ်ဖာလီးယားဒေသ ရဲ့ အိုဘာလီဂါအတန်းမှာ သူတို့ကစားခဲ့ကြတယ်။ ဒါက ဂျာမန်ဘောလုံးလောကရဲ့ သတ်မှတ်ချက်အရ တတိယ တန်း အဆင့်ပဲ ရှိပါတယ်။
ဘွန်ဒက်စ်လီဂါ ဒုတိယတန်းကို တက်ရောက် ဖြတ်သန်းခြင်း
၂ဝဝ၅ ကနေ ၂ဝ၁၅ အထိ ကာလကို သူတို့က အသင်ကို ခိုင်ခံ့အောင် တည်ဆောက်နေတဲ့ကာလလို့ သတ်မှတ် ထားပါတယ်။ အဲဒီကာလမှာ သူတို့ ပရော်ဖက်ရှင်နယ် ကစားသမားတွေကို ခေါ်ယူခဲ့တယ်လို့ ဆိုတယ်။ ပရိသတ် ၁၅,ဝဝဝ ဝင်ဆံ့တဲ့ ဟာမန်းလွန်းစတေဒီယမ်ကို တည် ဆောက်နိုင်ခဲ့တယ်။ ၂ဝ၁၃−၁၄ ဘောလုံးရာသီမှာ သူတို့ ဘွန်ဒက်စ်လီဂါကို တန်းတက်လာနိုင်ခဲ့တယ်။
ပရမ်းပတာဖြစ်သွားသော နောက်ပိုင်းကာလ
ပက်ဒါဘွန်းဟာ ၂ဝ၁၅ မှာ ဘွန်ဒက်စ်လီဂါကနေ တန်းဆင်းခဲ့ရပါတယ်။ သူတို့က သူတို့ရဲ့ အနောက်ပိုင်း ဒေသထွက် ကစားသမားတွေကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု မြောက်ပိုင်းရိုင်းမြစ်နယ်သားတွေဟာ ဘွန်ဒက်စ်လီဂါကို တစ်ကျော့ပြန် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။အခုလာမယ့်ရာသီမှာ သူတို့ဟာ လိုက်ပဇစ်လိုမျိုး ဒူဆယ်လ်ဒေါ့လိုမျိုး ဘယ်လိုအံ့သြစရာတွေကို လုပ်ပြနိုင် မလဲဆိုတာကိုတော့...။
















