၀န်ကြီးချုပ်မိုဒီ၏  ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်  အိန္ဒိယနိုင်ငံ၌ရောက်ရှိနေ

၀န်ကြီးချုပ်မိုဒီ၏  ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်  အိန္ဒိယနိုင်ငံ၌ရောက်ရှိနေ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန္ဒြာမိုဒီ၏ဒုတိယအကြိမ် ဝန်ကြီးချုပ် သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့တက်ရောက်ရန် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယနိုင်ငံသို့ မေ ၃၀ ရက် ညနေပိုင်း၌ ရောက်ရှိ(ယာပုံ)ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးက သတင်းထုတ်ပြန်ထားသည်။

ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီနာရန္ဒြာမိုဒီ၏ဖိတ်ကြားချက်အရ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့တက်ရောက်ရန် မေ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်မှ အိန္ဒိယ သမ္မတနိုင်ငံသို့ထွက်ခွာခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွား ခဲ့ကြသည်။

သမ္မတဦးဝင်းမြင့်၏ခရီးစဉ်လာရောက်မှုကို အိန္ဒိယသံရုံးက အရှေ့ နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒအား အလေးဂရုပြုခြင်းဟု ခေါင်းစဉ်တပ် ထားသည်။

ဝန်ကြီးချုပ် ရှရီနာရန္ဒြာမိုဒီသည် ၎င်း၏ပထမဆုံးဝန်ကြီးချုပ် သက်တမ်းတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး