ကွာရှင်းထားသည့် ခင်ပွန်းက ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်မှု ဈေးအတွင်းဖြစ်ပွား

ကွာရှင်းထားသည့် ခင်ပွန်းက ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်မှု ဈေးအတွင်းဖြစ်ပွား

ကွာရှင်းထားသည့် ခင်ပွန်းက ဇနီးဟောင်းကို ဓားဖြင့်ထိုးသတ်မှု စစ်ကိုင်းမြို့  ရှိ၂၄ နာရီ ပျံကျဈေးအတွင်း ယနေ့ဇွန် ၃ ရက်က ဖြစ်ပွားခဲ့သည်။

ယနေ့ နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမြို့ မိုးဇာရပ်ကွက်ရှိ မြို့မဈေးကြီး၏ ၂၄ နာရီ ပျံကျဈေးဆိုင်တန်းတွင် ဓားထိုးမှုဖြစ်ပွားကြောင်းသတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှူး ဒုရဲမှူးခိုင်စိုးထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်နေ အမဲသားရောင်းသည့် မဇင်မာဝင်း( ခ) မိမ(၃၂ နှစ်)မှာ ရင်ညွန့်၊ ဝမ်းဗိုက်၊ဝဲပေါင်ရင်း၊လည်ဂုတ်၊ထိုးသွင်း ဒဏ်ရာများ၊ ဝဲတံတောင်၊ အောက်နှုတ်ခမ်း ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည်ကို သက်ဆိုင်ရာကတွေ့ရှိခဲ့သည်။

လွန်ခဲ့သောနှစ်ရက်ခန့်က မဇင်မာဝင်း(ခ) မမိမဲ နှင့် ကွာရှင်းပြီးဖြစ်သည့် ခင်ပွန်းဟောင်း အမဲသတ်လုပ်ငန်းလုပ်ကိုင်သူ စိုးနိုင်ဦး(ခ) ကုလား (၃၃ နှစ်)နှင့် မဇင်မာဝင်းတို့ တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ရာမှ စိုးနိုင်ဦး(ခ)ကုလားက အမဲသားလှီးရာတွင် အသုံးပြုသည့် စတီးဓားဦးချွန်ဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူကို သုခကာရီလူမှုကူညီရေးအသင်းမှ ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားသောကြောင့် ပြစ်မှုကျူးလွန်သူ စိုးနိုင်ဦး(ခ)ကုလားကို အရေးယူပေးရန် တမိုးဇာရပ်ကွက်အုပ်ချုပ်ရေးမှူးက တိုင်ကြားခဲ့သည်။

စစ်ကိုင်းမြို့မရဲစခန်းက(ပ) ၆၁၅/ ၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ကာ စိုးနိုင်ဦး(ခ)ကုလားကို ဖမ်းဆီး အရေးယူဆောင်ရွက်ထားသည်။