ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် ရန်ကုန်ယူနိုက်တက်ကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသော်လည်း အသင်းအောင်မြင်မှု အတိုင်းအတာအရ ပရိသတ်များကျေနပ်လိမ့်မည်ဟု မျှော်လင့် ကြောင်း အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်း က ပြောဆိုခဲ့သည်။
ရပ်တည်
စစ်ကိုင်းယူနိုက်တက်အသင်းသည် ၂၀၁၇ ခုနှစ်က မဟာယူနိုက်တက်အမည်ဖြင့် လိဂ်-၂ ပြိုင်ပွဲတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းနှစ်မှာပင် လိဂ်-Ý၁ သို့တန်းတက်နိုင်ခဲ့ သည်။ စစ်ကိုင်းယူနိုက်တက်သည် လိဂ်-၁ တွင် စတင်ယှဉ်ပြိုင်စဉ်က ရုန်းကန်ခဲ့ရသော် လည်း ယခုနှစ်နေရှင်နယ်လိဂ် ပထမအကျော့ အပြီး အမှတ်ပေးဇယား အဆင့် ၅ တွင် သွင်းဂိုး ၂၃ ဂိုးဖြင့် တိုက်စစ်အကောင်းဆုံး အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့သည်။
ကျေနပ်
"အသင်းအောင်မြင်မှုအတိုင်းအတာအရ ကျေနပ်စရာဖြစ်နေပါပြီ။ ဒီထက်မက အောင် မြင်မှုလိုချင်ရင် ကစားသမားတွေဘက်က ဒီထက်မက စိတ်ဓာတ်ထည့်ပြီး ကန်ဖို့လိုပါ တယ်။ ဒါပေမဲ့ မကန်ဘူးဆိုလည်းရပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်ကို အားရစရာပါ။ အသင်းက လက်ရှိဒီအခြေအနေအထိရောက် ခဲ့တာကို ကျေနပ်ရမှာပါ။ စစ်ကိုင်းအသင်းကို အားပေးနေတဲ့သူတွေလည်း ကျေနပ်မယ်လို့ ထင်ပါတယ်"ဟု ဦးဇော်လင်းထွန်းက ပြော ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲသို့ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်း တက် ရောက်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်တွင် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်သည်။















